ထိုင်ဝမ်ကိုကုန်သွယ်ရေး တားမြစ်ချက်များ တရုတ်ချမှတ်ပြီ

0
142

ထိုင်ဝမ်ကိုကုန်သွယ်ရေး တားမြစ်ချက်များ တရုတ်ချမှတ်ပြီ

ပေကျင်း၊ ဩဂုတ် ၃ ရက်

နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် ဩဂုတ်လ ၃ ရက် ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်မှ သစ်သီးနှင့် ငါးများ တင်သွင်းမှုကိုတားမြစ်ခဲ့ပြီး ထိုင်ဝမ်သို့ သဲတင်ပို့မည့် သင်္ဘောများကိုပါ ရပ်ဆိုင်းထားစေခဲ့ကြောင်း သိရသည်။

တရုတ်အကောက်ခွန် ဌာနက ထိုင်ဝမ်မှ တင်ပို့သော ရှောက်သံပုရာ မျိုးဝင်အသီးများတွင် လွန်ကဲစွာ အသုံးပြုထားသော ပိုးသတ်ဆေး အကြွင်းအကျန်များကို ထပ်တလဲလဲ စစ်ဆေးတွေ့ရှိရသောကြောင့် သစ်သီးတင်သွင်းမှု အချို့ ကို ဆိုင်းငံ့ထားကြောင်းနှင့် ငါးတင်ပို့ကိုမူလည်း ထုပ်ပိုးသည့် ဘူးခွံများပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှုကြောင့် ဆိုင်းငံ့ထားရကြောင်း ပြောကြားခဲ့သည်။

သီးခြားသတိပေးချက်တစ်ခုတွင် ကုန်သွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှစပြီး ထိုင်ဝမ်သို့ သဘာဝသဲများ တင်ပို့မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

သဘာဝသဲကို ကွန်ကရစ်နှင့် နိုင်လွန်ကတ္တရာ ထုတ်လုပ်ရာတွင် ယေဘုယျအားဖြင့် အသုံးပြုကြပြီး ထိုင်ဝမ်သို့ တင်သွင်းသော သဲနှင့် ကျောက်စရစ်အများစုသည်လည်း တရုတ်နိုင်ငံမှ တင်ပို့ခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုများသည် ပေကျင်း၏ ပုံမှန်ပြုလုပ်နေကျ အရေးယူမှုပုံစံများထဲမှ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး လာမည့်ရက်များတွင်လည်း စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဆိုင်ရာ ကုန်သွယ်မှုတွင် ပေကျင်းက ပိုမိုဖြတ်တောက်သွားနိုင်ဖွယ်ရှိကြောင်း စိုက်ပျိုးရေးလေ့လာသုံးသပ်သူ အီဗင်ပေး က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ အကြီးမားဆုံးကုန်သွယ်ဖက်နှင့် ပို့ကုန်ဈေးကွက်ဖြစ်ပြီး နှစ်ဘက်ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၂၆ ရာခိုင်နှုန်း တိုးလာကာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂၈ ဘီလီယံအထိ ရှိလာခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here