ကွယ်လွန်သူ ဦးကျော်ဟိန်းနဲ့ကိုသားကြီး” ဒွေး ” တို့အတွက်ရည်စူးပြီး နေ့လည်အာဟာရဆွမ်းလှူဒါန်းခဲ့တဲ့ ဦးဇောတိက ( ခ) ဇွဲနိုင်ဝင်း

0
426

ကွယ်လွန်သူ ဦးကျော်ဟိန်းနဲ့ကိုသားကြီး” ဒွေး ” တို့အတွက်ရည်စူးပြီး နေ့လည်အာဟာရဆွမ်းလှူဒါန်းခဲ့တဲ့ ဦးဇောတိက ( ခ) ဇွဲနိုင်ဝင်း

ဦးဇောတိက ( ခ) ဇွဲနိုင်ဝင်း ကယနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာလှည်းကူးမြို့အမြန်လမ်း ၇ မိုင် ၆ ဖာလုံ ရတနာအောင်မြေကျောင်းတိုက်ရိပ်သာမှာကွယ်လွန်သူ ကိုသားကြီး ” ဒွေး ” ရဲ့ ၁၅ နှစ်ပြည့်နဲ့ ဦးကျော်ဟိန်း ရဲ့ ၂ နှစ်ပြည့် အတွက် ရည်စူးပြီး နေ့လည်အာဟာရဆွမ်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး ဦးဇောတိက ( ခ) ဇွဲနိုင်ဝင်း က

” ကိုသားကြီး နှင့် ဦးကျော် တို့အတွက်ရည်စူးပြီး နေ့လည်အဟာရဆွမ်း ကို လှည်းကူးမြို့၊အမြန်လမ်း (၇)မိုင် (၆)ဖာလုံ ရတနာအောင်မြေကျောင်းတိုက်ရိပ်သာ၌ တရားစခန်း ဝင်နေကြသော သံဃာတော်များ ဆရာလေးများ ယောဂီများ အားလုံးကို ကျွန်တော် အဟာရ မုန့် ဆွမ်းများကို ဒါနကုသိုလ်ပြု ဆက်ကပ် လှူဒါန်းမည်ဖြစ်ပါသည်။ အစ်ကို နှင့် ဦးကျော် တို့ သာဓု ခေါ်နိုင်ပါစေ ” လို့ပြောပါတယ်။

ပရိသတ်တွေချစ်ခင်ရတဲ့အဆိုတော်သရုပ်ဆောင်အကယ်ဒမီဒွေး က၂၀၀၇ ဇူလိုင်လ ၁၁ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ကွယ်လွန်ခြင်း၁၅နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here