၁၇ကြိမ်မြောက် ဖိလစ်ပိုင်သမ္မတအဖြစ် ဂျူနီယာမားကို့စ်ကျမ်းသစ္စာကျိန်ဆို

0
152

၁၇ကြိမ်မြောက် ဖိလစ်ပိုင်သမ္မတအဖြစ် ဂျူနီယာမားကို့စ်ကျမ်းသစ္စာကျိန်ဆို

မနီလာ၊ ဇွန် ၃၀ ရက်
ဖာဒီနန်မားကို့စ်ဂျူနီယာသည် ဇွန်လ ၃၀ ရက် ကြာသပတေးနေ့ နေ့လည်ပိုင်း၌ မနီလာမြို့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ ဖိလစ်ပိုင်နိုင်ငံ၏ ၁၇ကြိမ်မြောက် သမ္မတဖြစ်လာသည်။

မားကို့စ်ဂျူနီယာသည် ကွယ်လွန်သွားပြီးဖြစ်သော ၁၀ကြိမ်မြောက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်၏ သားဖြစ်သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လမ်းစဉ်ကြောင့် နိုင်ငံတကာတွင် နာမည်ကြီးသူ သမ္မတ ရိုဒရီဂို ဒူတာတေး၏နေရာကို ဆက်ခံမည့်သူ ဖြစ်သည်။

ဘွန်ဘွန်ဟု လူသိများသော အသက် ၆၄ နှစ်အရွယ် မားကို့စ်ဂျူနီယာသည် လွန်ခဲ့သည့်လ ရွေးကောက်ပွဲ၌ ပြိုင်ဖက်ပါတီများကို မဲအပြတ်အသက်ဖြင့် အနိုင်ရခဲ့ကာ သမ္မတ ဖြစ်လာသူလည်းဖြစ်သည်။

မားကို့စ်ဂျူနီယာသည် မနီလာမြို့ရှိ အမျိုးသားပြတိုက်၌ ပြုလုပ်သည့် လူထုအခမ်းအနားသို့ တက်ရောက်လာသော ဒေသခံပြည်သူရာပေါင်းများစွာနှင့် နိုင်ငံခြားမှ ဂုဏ်သရေရှိလူကြီးမင်းများ၏ရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ထိုအခမ်းနားပွဲသို့ တရုတ်ဒုသမ္မတ ဝမ်ကျူရှန်နှင့် အမေရိကန်ဒုသမ္မတ ၏ ခင်ပွန်းဖြစ်သူ ဒါးလ်ဂလက်စ် အမ်ဟော့ဖ် တို့ပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲ၌ မားကို့စ်ဂျူနီယာက ၎င်း၏လက်ထက်တွင် ပြည်သူအားလုံးအတွက် အကျိုးပြုစေမည့် မူဝါဒများချမှတ်ကာ နိုင်ငံကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပြီး ဖိလစ်ပိုင်ဒီမိုကရေစီသမိုင်းတွင် အကြီးမားဆုံး ရွေးကောက်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်ကို ပေးအပ်သည့် ပြည်သူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

၎င်းကျမ်းသစ္စာကျိန်ဆိုပွဲ၌ မားကို့စ်ဂျူနီယာ၏ မိခင်ဖြစ်သူ သမ္မတက​တော်​ဟောင်း အသက် ၉၂ နှစ်အရွယ် အီမယ်ဒါမားကို့စ်ပါ တက်ရောက်ခဲ့ပြီး ရဲ၊ စစ်သားနှင့် ကမ်းခြေစောင့်တပ်သား တစ်သောင်းငါးထောင်ကျော်အား မြို့တော်အနှံ့ ဖြန့်ကျက်ချထားခဲ့ကြောင်း သိရသည်။

ဘွန်ဘွန်က သူ့ဖခင် အစိုးရကို ချီးကျူးရင်း “အတိတ်ကို ​ဒေါသ​တွေ လွမ်းဆွတ်စိတ်​တွေနဲ့ ​နောက်​ကြောင်းပြန်မလှည့်ဘဲ သူနဲ့အတူ အနာဂတ်ကိုချီတက်ကြပါစို့”ဟု ​ပြောကြားခဲ့သည်။

Source: CNA

 


LEAVE A REPLY

Please enter your comment!
Please enter your name here