အဆင့်မြင့် သံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၇/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

0
88

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်မည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄)၊ နေပြ ည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဖွင့်ပွဲ အခ မ်း အနားကို မေလ (၁၃) ရက်၊ နံနက် (၉) နာရီတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် နိုင် ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ တို့တွင် တစ်ပြိုင်တည်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးမှ နေပြည်တော်၌ တက်ရောက်၍ သင်တ န်းဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းများကို အ ခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်း တက်ရောက်အောင်မြင်ပြီးသူ အစိုးရဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ပြင်ပ ပုဂ္ဂလိက နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအား သံတမန်ရေးရာနှင့် နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်များကို ပိုမိုလေ့လာနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖွင့်လှစ်သည့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇/၂၀၂၄)ကို နိုင်ငံခြားရေးဝန်ကြီးဌာ န(နေပြည်တော်)နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တို့တွင် တန်းခွဲ နှစ်ခုဖြင့် မေ(၁၃) ရက်မှ ဇူလိုင် (၅) ရက်အထိ ရုံးဖွင့်ရက်များတွင် နံနက် (၇)နာရီမှ (၉)နာရီအထိ ရက်သတ္တ (၈)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

သင်တန်းသား/သူ (၁၀၀) ဦးခန့် တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်များ၊ နိုင် ငံတကာဥပဒေများ၊ စီးပွားရေးဆိုင်ရာများ၊ အထွေထွေ ဗ ဟုသုတ ဆိုင်ရာများ စသည့်ဘာသာရပ်များကို သင်ကြားပို့ ချသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here