အဓိဌာန်ပြည့်၍ မိုင်းကျတ်ဂူအတွင်းမှပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူများအဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းလျက်ရှိ

0
171

အဓိဌာန်ပြည့်၍ မိုင်းကျတ်ဂူအတွင်းမှပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူများအဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းလျက်ရှိ

ရှမ်းပြည်နယ်၊မိုင်းဆတ်မြို့နယ်၊မိုင်းကျတ်ကျေး ရွာရှိ မိုင်းကျတ်ဂူအတွင်း၌ ၂၀၁၉ ခုနှစ်၊ဧပြီ ၂၈ ရက်မှစတင်၍ ၃ နှစ်၊ ၃ လ၊ ၃ ရက် အဓိဌာန်ကျင့်ကြံတရားအားထုတ်နေသည့် မိုင်းဖုန်းဆရာတော်ကြီး သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိ ယ ဘဒ္ဒန္တဥာဏသံဝရ သည် ဇူလိုင် ၃၁ ရက်၌ အဓိ ဌာန်ပြည့်၍ ဂူအတွင်းမှပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။

ထိုသို့ ပြန်လည်ထွက်ခွာလာမည့် မိုင်းဖုန်းဆရာ တော်ကြီးအား ဖူးမြှော်ရန်လာရောက်သူများ လမ်းခရီးအဆင်ပြေစေရန်အတွက် ဆရာတော်ကြီး၏ တပည့်သာဝကများနှင့်တာဝန်ရှိသူများမှ လမ်းများအားကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ဆရာတော်ကြီး အဓိဌာန်ပြည့်လို့ပြန်ထွက်လာတဲ့အချိန်က မိုးတွင်းကာလဖြစ်နေတော့ လာဖူးတဲ့လူတွေအဆင်ပြေအောင် အခက်အခဲမရှိအောင် ကြိုပြီးလမ်းတွေကိုကွန်ကရစ်ခင်းနေတာပါ လာဖူးတဲ့ဧည့်ပရိသတ်တွေအဆင်ပြေဖို့အတွက် တခြားလုပ်စရာရှိတာတွေကိုလည်း အဖွဲ့တွေခွဲပြီး အား လုံးတိုင်တိုင်ပင်ပင်နဲ့လုပ်နေကြတယ်”ဟုမိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြော သည်။

လမ်းများအား ကွန်ကရစ်ခင်းခြင်းအပြင် မိုင်းဖုန်းဆရာတော်ကြီးအား လာရောက်ဖူးမြှော်မည့်သူ များအဆင်ပြေစေရန် ကျန်းမာရေးစောင့်ရှောက်မှု့ပေးနိုင်မည့် အဆောင်များ၊တည်းခိုနေထိုင်နိုင်မည့် အဆောက်အဦးများ၊သောက်သုံးရေရရှိရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“လျှပ်စစ်မီးအဆင်ပြေပြေနဲ့ရဖို့အတွက်ကတော့ ဌာနဆိုင်ရာကလူကြီးတွေနဲ့တိုင်ပင်ပြီးလုပ်နေတယ် လုပ်ငန်းဆောင်ရွက်မှုတွေအကုန်လုံးက တော့ ဌာနဆိုင်ရာကလူကြီးတွေနဲ့ညှိနှိုင်းပြီးတော့မှလုပ်တာပါ မိုးတွင်းဆိုပေမယ့်လည်း ဆရာတော်ကြီးကိုလာဖူးမယ့်သူတွေကအများကြီးရှိတော့ အ ကုန်လုံးကိုအဆင်ပြေပြေနဲ့ဖြစ်စေချင်တယ်”ဟု မိုင်းဖုန်းဆရာတော်ကြီး၏ တပည့်သာဝကတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် မိုင်းဖုန်းဆရာတော်ကြီး အဓိ ဌာန်တရားကျင့်ကြံနေသည့် မိုင်းကျတ်အထက်ဂူမှ အောက်ဂူအထိ ကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here