မြန်မာနိုင်ငံ၏အကြပ်အတည်းနှင့်ပတ်သက်ပြီး မိမိတို့ အလွန်စိုးရိမ်ပူပန်လျက်ပင် ရှိဟု အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ၂၀၂၂ ပူးတွဲကြေညာချက်ကဖော်ပြ

0
183
မြန်မာနိုင်ငံ၏အကြပ်အတည်းနှင့်ပတ်သက်ပြီး မိမိတို့ အလွန်စိုးရိမ်ပူပန်လျက်ပင် ရှိဟု အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ၂၀၂၂ ပူးတွဲကြေညာချက်ကဖော်ပြ
နိုင်ငံခြားသားများအပါအဝင် ထိန်းသိမ်းထားသော နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးရန်အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ၂၀၂၂ ပူးတွဲကြေညာချက်ထဲ ထည့်သွင်းတောင်းဆိုခဲ့ကြောင်းအား အမေရိကန်သံရုံးက ယနေ့တွင်ဖော်ပြသည်။
ယင်းအပြင် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ၂၀၂၂က ၂၀၂၁ ဧပြီ ၂၄ တွင်ကျင်းပသည့် အာဆီယံခေါင်းဆောင်းများအစည်းအဝေးမှ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အပေါ် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို အလေးပေးဆွေးနွေးခဲ့ကြပြီး အဆိုပါ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန်နှင့် ပြည့်ပြည့်ဝဝအကောင်အထည်ဖော်ဆောင်ရန် တိုက်တွန်းကြောင်းလည်းသံရုံးဘက်ကဖော်ပြခဲ့သည်။
ထို့နောက် သက်ဆိုင်သူအားလုံးနှင့် အပြည့်အဝတွေ့ဆုံနိုင်ရန်အတွက် စိတ်ချယုံကြည်မှုကို တည်ဆောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို အရေးပေါ်လိုအပ်နေသူများအပါအဝင် မြန်မာပြည်သူများထံသို့ ခွဲခြားမှုမရှိဘဲ ထိထိရောက်ရောက်ပို့ဆောင်နိုင်ရေးတို့အတွက် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ဆောင်ရွက်မှုများအပါအဝင် မြန်မာပြည်သူများ၏ သဘောထားနှင့်အညီ ငြိမ်းချမ်းစွာအဖြေရှာခြင်းအတွက် အာဆီယံအဖွဲ့အစည်း၏ ကြိုးပမ်းအားထုတ်မှုများကို မိမိတို့ဆက်လက် အားပေးထောက်ခံသည့်အကြောင်း ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့အတွက် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံခြားသားများအပါအဝင် ထိန်းသိမ်းထားသော နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုကြောင်း၊ အာဆီယံ ပဋိညာဥ်တွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်း လူ့အခွင့်အရေးနှင့် အခြေခံကျသောလွတ်လပ်ခွင့်များအပေါ် ဆက်လက်ထားရှိသည့် သံန္နိဋ္ဌာန်ကို ထင်ဟပ်စေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းစွာဖြေရှင်းသည့်နည်းလမ်းအတွက် မိမိတို့အားလုံး၏ စုပေါင်းကြိုးပမ်းမှုများကို နှစ်ဆတိုး၍ဆောင်ရွက်သွားမည့်အကြောင်းအပါအဝင် ယခုကဲ့သို့အရေးပါသည့် ကြိုးပမ်းအားထုတ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းကို ရရှိစေရန် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့၏ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကြိုဆိုကြောင်းပါအမေရိကန်သံရုံးက ယနေ့တွင်ဖော်ပြသည်။
နစကဘက်ကမူ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး ၂၀၂၂ ပူးတွဲကြေညာချက် အပိုဒ်၂၆ထဲ မြန်မာ့အရေးဖော်ပြထားမှုအား ကန့်ကွက်ထားသည်ဟုသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here