အကြိုဗိုလ်လုပွဲသို့တက်ရောက်သွားသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၁ သိန်းထပ်ဆောင်းချီးမြှင့်

0
186

အကြိုဗိုလ်လုပွဲသို့တက်ရောက်သွားသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား အမေရိကန်ဒေါ်လာ ၁ သိန်းထပ်ဆောင်းချီးမြှင့်

ဗီယက်နမ်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ကစားကာ အကြိုဗိုလ်လုပွဲသို့တက်ရောက်ခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ ၁ သိန်းထပ်ဆောင်းချီးမြှင့်ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးမင်းသိန်းဇံနှင့်တာဝန်ရှိသူများက အသင်းတည်းခိုရာဟိုတယ်သို့ လာရောက်တွေ့ဆုံ အား ပေးခဲ့ပြီးနောက် ထပ်ဆောင်းချီးမြှင့်ငွေအား ပေး အပ်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်မြန်မာ့လက်ရွေးစင်အမျိုးသားဘောလီဘော အသင်းတို့အား အတူတွေ့ဆုံခဲ့၍ နိုင်ငံ့ဂုဏ်‌ ဆောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားယှဉ် ပြိုင်ကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းအားပေးပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် အုပ်စုပွဲစဥ်များအဖြစ် လာအို၊ထိုင်း၊စင်ကာပူ အမျိုးသမီးအသင်းများနှင့်ယှဥ်ပြိုင်ကစားပြီးနောက် ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၇ မှတ်ဖြင့် အကြိုဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ခြင်းဖြစ်ကာ မေ ၁၈ ရက်ည ၆ နာရီခွဲတွင် အိမ်ရှင်ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here