အကယ်ဒမီမီးလင်းရွှေဈေး ကျပ်သိန်း၂၀‌ကျော်အထိ ပြန်လည်မြင့်တက်

0
239

အကယ်ဒမီမီးလင်းရွှေဈေး ကျပ်သိန်း၂၀‌ကျော်အထိ ပြန်လည်မြင့်တက်

မေ(၁၆)ရက် YGEA ၏ အဖွင့်ဈေးအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဟာ ကျပ်သိန်းနှစ်ဆယ် သုံးသောင်း ငါးထောင်အထိ ပြန်လည်မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စဟာ အမေရိကန်ဒေါ်လာ ၁၈၀၉ ဒေါ်လာ ဖြစ်သွားကြောင်း သိရသည်။

လက်ရှိတွင် ငွေကြေးစောင့်ကြည့်ရေးကော်မတီမှချမှတ်ထားသည့် ရွှေဈေးနှုန်းများ၊ ကမ္ဘာ့ရွှေဈေးကွက်မှနှုန်းထားများနှင့် တွက်ချက်ပြီး ဈေးကွက်၌ ပုံမှန်ရောင်းချပေးနေလျက်ရှိကြောင်း နှင့် အသင်းရုံးအတွင်း၌ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခွင့်နှင့် အသင်းရုံးပိတ်ချိန်၊ ဈေးကွက်ပိတ်ချိန်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုမရှိပါက အသင်းစည်းကမ်းချက်အတိုင်း တစ်လယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှသိရသည်။

ဒါ့အပြင် ရွှေတွင်းလိုင်စင်ရှိတဲ့သူများနှင့် ဆက်သွယ်ကာ ရွှေဝယ်ယူမှုအား ဆောင်ရွက်ဖို့အပြင် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများတွင် တိုင်းနှင့်ပြည်နယ်အသင်းများဆက်သွယ်ပြီး တားဆီးဆောင်ရွက်ဖို့လည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here