Tuesday, August 4, 2026

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက်...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ...

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...
HomeNewsLocal Newsမုံရွာ-မန္တလေးသွားကားလမ်းတွင် ထောင်ထားသည့် လက်လုပ်မိုင်းများအားဖယ်ရှားရှင်းလင်း

မုံရွာ-မန္တလေးသွားကားလမ်းတွင် ထောင်ထားသည့် လက်လုပ်မိုင်းများအားဖယ်ရှားရှင်းလင်း

(Unicode)

မုံရွာ-မန္တလေးသွားကားလမ်းတွင် ထောင်ထားသည့် လက်လုပ်မိုင်းများအားဖယ်ရှားရှင်းလင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်ရှိ မုံရွာ-မန္တလေးသွားကားလမ်းမကြီးတွင်ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံ ၃၀ ခုခန့်အား လုံခြုံရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၀ ရက်ညနေပိုင်းတွင် ဖယ်ရှားရှင်း လင်းနိုင်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏ လမ်းဘေးတစ်ဖက်တစ်ချက်၌ လက်လုပ်မိုင်းများထောင် ထားသည်ကို ဖြတ်သန်းသွားလာသူများက တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားရာမှ မိုင်းရှင်းလင်းရေးအဖွဲ့က ဖယ်ရှားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ လက်လုပ်မိုင်းများအား အလ္လကပ္ပကျေး ရွာနှင့်ဝမ်းပြည့်ကျေးရွာကြား၌ ထောင်ထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

“သူတို့ရှင်းလင်းရေးလုပ်နေတဲ့အချိန် လမ်းကိုခနပိတ်ပြီးရှင်းနေတာ လူတွေကိုလည်းအနားမကပ်ခိုင်းဘူး ရှင်းပြီဆိုတော့မှလမ်းကိုပြန်ဖွင့်ပေးတာ တွေ့ရသလောက်ထောင်ထားတဲ့မိုင်းတွေက သံ တွေနဲ့လုပ်ထားတာပဲနောက်ပြီး အကြီးကြီးတွေပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

စလစ်မိုင်း ၁၄ လုံး၊လက်လုပ်ရှော့တိုက် စိန်‌ ပြောင်းဗုံးသီး ၁၃ လုံး၊ဝါယာကြိုး ၁ ခွေ၊ဆာကစ်ပြား ၂ ဗူးတို့အား ဖယ်ရှားရှင်းလင်း၍ မိုင်းရှင်း လင်းရေးအဖွဲ့မှဖျက်ဆီးနိုင်ခဲ့သည်ဟု လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူများထံမှ သိရသည်။

ထိုသို့ ကားလမ်းမကြီးပေါ်၌ လက်လုပ်မိုင်းများထပ်မံထောင်ထားခြင်းရှိ၊မရှိအား လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများထံမှသိရသည်။

(Zawgyi)

မုံ႐ြာ-မႏၲေလးသြားကားလမ္းတြင္ ေထာင္ထားသည့္ လက္လုပ္မိုင္းမ်ားအားဖယ္ရွားရွင္းလင္း

စစ္ကိုင္းတိုင္း၊ျမင္းမူၿမိဳ႕နယ္ရွိ မုံ႐ြာ-မႏၲေလးသြားကားလမ္းမႀကီးတြင္ေထာင္ထားသည့္ လက္လုပ္မိုင္းမ်ိဳးစုံ ၃၀ ခုခန္႔အား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ေဖေဖာ္ဝါရီ ၂၀ ရက္ညေနပိုင္းတြင္ ဖယ္ရွားရွင္း လင္းႏိုင္ခဲ့သည္ဟု ေဒသခံမ်ားထံမွသိရသည္။

မုံ႐ြာ-မႏၲေလးသြားကားလမ္းမႀကီး၏ လမ္းေဘးတစ္ဖက္တစ္ခ်က္၌ လက္လုပ္မိုင္းမ်ားေထာင္ ထားသည္ကို ျဖတ္သန္းသြားလာသူမ်ားက ေတြ႕ရွိရသျဖင့္ သက္ဆိုင္ရာသို႔အေၾကာင္းၾကားရာမွ မိုင္းရွင္းလင္းေရးအဖြဲ႕က ဖယ္ရွားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

အဆိုပါ လက္လုပ္မိုင္းမ်ားအား အလႅကပၸေက်း ႐ြာႏွင့္ဝမ္းျပည့္ေက်း႐ြာၾကား၌ ေထာင္ထားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

“သူတို႔ရွင္းလင္းေရးလုပ္ေနတဲ့အခ်ိန္ လမ္းကိုခနပိတ္ၿပီးရွင္းေနတာ လူေတြကိုလည္းအနားမကပ္ခိုင္းဘူး ရွင္းၿပီဆိုေတာ့မွလမ္းကိုျပန္ဖြင့္ေပးတာ ေတြ႕ရသေလာက္ေထာင္ထားတဲ့မိုင္းေတြက သံ ေတြနဲ႔လုပ္ထားတာပဲေနာက္ၿပီး အႀကီးႀကီးေတြပဲ”ဟုေဒသခံတစ္ဦးကေျပာသည္။

စလစ္မိုင္း ၁၄ လုံး၊လက္လုပ္ေရွာ့တိုက္ စိန္‌ ေျပာင္းဗုံးသီး ၁၃ လုံး၊ဝါယာႀကိဳး ၁ ေခြ၊ဆာကစ္ျပား ၂ ဗူးတို႔အား ဖယ္ရွားရွင္းလင္း၍ မိုင္းရွင္း လင္းေရးအဖြဲ႕မွဖ်က္ဆီးႏိုင္ခဲ့သည္ဟု လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ထိုသို႔ ကားလမ္းမႀကီးေပၚ၌ လက္လုပ္မိုင္းမ်ားထပ္မံေထာင္ထားျခင္းရွိ၊မရွိအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဆက္လက္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္ဟု ေဒသခံမ်ားထံမွသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။ ငဝန်တာ တာတမံ နိမ့်ကျကျိုးပေါက်မှုကြောင့် ဒုက္ခရောက်နေရသည့် ရေဘေးသင့် ပြည်သူများအတွက်ဟု အကြောင်းပြကာ မသမာသော နည်းလမ်းများဖြင့် ငွေကြေး လိုက်လံ ကောက်ခံနေသည့် ဖြစ်စဉ်များ တွေ့ရှိနေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စေတနာရှင် အလှူရှင်များ၏ ဖြူစင်သော သဒ္ဓါတရားဖြင့် လှူဒါန်းသည့် ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများမှာ ဘေးသင့်ပြည်သူများထံ အမှန်တကယ် မရောက်ရှိဘဲ...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ ၂ သောင်းကျော် ရေဘေးသင့်၊ ထောက်ပံ့ရေးနှင့် တာပိတ်ဆို့ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ​လေးမျက်နှာ၊ ဩဂုတ် ၄

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခဲ့သဖြင့် ကျေးရွာနှင့် ရပ်ကွက်များမှ ပြည်သူ ၂ သောင်းကျော် ရေဘေးသင့်လျက်ရှိကြောင်း သိရသည်။ ​အဆိုပါ ရေကျော်စီးဝင်မှုကြောင့် ဩဂုတ် ၄ ရက်နေ့အထိ စာရင်းများအရ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၅၇ ရွာမှ အိမ်ခြေ ၅,၀၄၆ လုံး၊ အိမ်ထောင်စု ၅,၁၃၄ စု၊...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071