Home Movies လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

0
71

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ငဝန်တာ တာတမံ နိမ့်ကျကျိုးပေါက်မှုကြောင့် ဒုက္ခရောက်နေရသည့် ရေဘေးသင့် ပြည်သူများအတွက်ဟု အကြောင်းပြကာ မသမာသော နည်းလမ်းများဖြင့် ငွေကြေး လိုက်လံ ကောက်ခံနေသည့် ဖြစ်စဉ်များ တွေ့ရှိနေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စေတနာရှင် အလှူရှင်များ၏ ဖြူစင်သော သဒ္ဓါတရားဖြင့် လှူဒါန်းသည့် ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများမှာ ဘေးသင့်ပြည်သူများထံ အမှန်တကယ် မရောက်ရှိဘဲ လိမ်လည်သူများထံ ရောက်ရှိသွားပါက ကူညီထောက်ပံ့မှု ထိရောက်မည် မဟုတ်ကြောင်းလည်း တိုင်းအစိုးရက အသိပေးထားသည်။

သို့ဖြစ်ပါ၍ အလှူရှင်များအနေဖြင့် မိမိတို့၏ လှူဒါန်းမှုများ ဘေးသင့်ဒေသများသို့ စနစ်တကျနှင့် အမြန်ဆုံး ရောက်ရှိနိုင်ရေးအတွက် တရားဝင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများထံသို့သာ တိုက်ရိုက် ဆက်သွယ်လှူဒါန်းကြရန် နှိုးဆော်ထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here