Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်...

လေးမျက်နှာတွင် ရေကျော်မှုကို တားဆီးရန် Geo...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်း သဲကြောထူးပေါက်မှုကြောင့် တာနိမ့်ကျကာ ရေကျော်စီးဝင်နေသည့်နေရာများကို Geo Bag များ အသုံးပြု၍ တားဆီးပိတ်ဆို့လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး...

လေးမျက်နှာရေဘေး ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံမဖြစ်မနေဝတ်ဆင်ကြရန် တိုင်းအစိုးရအဖွဲ့မေတ္တာရပ်ခံ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် ကူညီကယ်ဆယ်ရေးလုပ် ငန်းများပြုလုပ်လျက်ရှိသောအဖွဲ့ဝင်များအနေဖြင့် ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံ(Life Jacket)မဖြစ်မနေဝတ်ဆင်ကြရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။ ကယ်ဆယ်ရေးပြုလုပ်ရာတွင် စက်လှေ၊ လှေများဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...
HomeNewsLocal Newsတမူးမြို့မှပြန်လာသည့် မူးယစ်အထူးရဲတပ်ဖွဲ့ဝင်များစီးလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရ...

တမူးမြို့မှပြန်လာသည့် မူးယစ်အထူးရဲတပ်ဖွဲ့ဝင်များစီးလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရ ရဲမှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံး

(Unicode)

တမူးမြို့မှပြန်လာသည့် မူးယစ်အထူးရဲတပ်ဖွဲ့ဝင်များစီးလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရ ရဲမှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ကလေးမြို့မှ မူးယစ်အထူးရဲတပ်ဖွဲ့ဝင်များသည် တမူးခရိုင်တရားရုံးမှသက်သေခံပြီးပြန်လာစဥ် ဇန်နဝါရီ ၁၇ ရက်နေ့လည် ၃ နာရီခွဲ၌ တမူးမြို့နယ်၊ဝိတုတ်ကျေးရွာနှင့်ရန်လင်းပိုင်ကျေးရွာကြားအရောက် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ကလေးမူးယစ်တပ်ဖွဲ့စု(၅)မှ ရဲမှူးနှင့်တပ်ဖွဲ့ဝင်နှစ်ဦး၊ပုသိမ်မြို့သို့ပြောင်းရွှေ့မည့် ဒု-ရဲမှူးတစ်ဦးနှင့်ရန်ကုန်(မြောက်ပိုင်းခရိုင်)သို့ပြောင်းရွှေ့မည့် ရဲအုပ်တစ်ဦးတို့သည် တမူးမြို့မှကလေးမြို့သို့ Pajero(ခဲပြာရောင်)ကားဖြင့်ပြန်လာစဥ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် ကားမှာမီးလောင်တိမ်းမှောက်ပြီး ပျက်စီးသွားခဲ့သည်။ဖြစ်စဥ်တွင် 32 ဗို့ ခြောက်လုံးပြူးသေနတ်တစ်လက်၊MA 13 သေ နတ် နှစ်လက်နှင့်ကျည်များပျောက်ဆုံးခဲ့သည်ဟုသိရသည်။

“ကားကတော့အတော်ပျက်စီးသွားတယ် ဖြစ်စဥ်ကိုကျူးလွန်ခဲ့တဲ့သူတွေကိုဖမ်းမိဖို့အတွက်အမြန်ဆုံးဆောင်ရွက်နေပါတယ်”ဟုစစ်ကိုင်းရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ခမ်းပတ်နယ်မြေရဲစခန်း မယ(ပ)၂၆/၂၀၂၀၊မူး/စိတ်ပုဒ်မ-၁၉(က)အမှုအတွက် တမူးခရိုင်တရားရုံး၌ သက်သေခံရန်သွားရောက်ပြီးပြန်လာစဥ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

(Zawgyi)







Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071