တာချီလိတ်မြို့မရဲစခန်းဝင်းအတွင်းရှိ ရဲလိုင်းခန်းအနီးဗုံးပေါက်ကွဲမှုဖြစ်ပွား

0
174

(Unicode)

တာချီလိတ်မြို့မရဲစခန်းဝင်းအတွင်းရှိ ရဲလိုင်းခန်းအနီးဗုံးပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဝမ်ကောင်းရပ် ကွက်ရှိ တာချီလိတ်မြို့မရဲစခန်းဝင်းအတွင်းရှိ ရဲလိုင်းခန်းအနီးတွင် ဇန်နဝါရီ ၁၄ ရက်နံနက် ၁၁ နာရီကျော်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရဲလိုင်းခန်းသည် မြို့မရဲစခန်းဝင်းအ တွင်းရှိ အနောက်ဖက်၌ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဗုံးနှစ်ကြိမ်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“လူတွေထိခိုက်တာတော့မရှိဘူး အဆောက်အဦးနည်းနည်းတော့ထိသွားတယ် ပျက်စီးသွားတယ်ပေါ့ လိုင်းခန်းခေါင်မိုးတံစက်မြိတ်နဲ့မျက်နှာကြက်တွေလောက်တော့ပျက်သွားတယ်”ဟုမြို့မရဲစခန်းအနီးနေသူတစ်ဦးကပြောသည်။

အခင်းဖြစ်နေရာအား စစ်ဆေးရာ မိုင်းစများ၊ PVC ပိုက်အပိုင်းအစများနှင့်သံဘောစေ့များအား သိမ်းဆီးရမိခဲ့သည်ဟု သိရသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here