Thursday, August 6, 2026

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah...
HomeNewsLocal Newsမကြာခင် ၁နှစ်သက်တမ်းပြည့်တော့မည်ဖြစ်၍ ဥပဒေနှင့်အညီ...

မကြာခင် ၁နှစ်သက်တမ်းပြည့်တော့မည်ဖြစ်၍ ဥပဒေနှင့်အညီ သက်တမ်းဆက်တိုးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

(Unicode)

မကြာခင် ၁နှစ်သက်တမ်းပြည့်တော့မည်ဖြစ်၍ ဥပဒေနှင့်အညီ သက်တမ်းဆက်တိုးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

လာမည့် ဖေဖော်ဝါရီ ၁ရက်နေ့တွင် နစက၏ သက်တမ်းသည် တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်၍ ဥပဒေနှင့် အညီဆက်လက် သက်တမ်းတိုးမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဇန်နဝါရီ ၁၄ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲပြောသည်။

သက်တမ်းတိုးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် တင်ပြသွားမည်ဟုလည်းပြောသည်။

ယင်းအပြင် ၂၀၂၃ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ် လုပ်ဆောင်သွားရန်ရှိသည်ဆိုသော နစကကောင်စီ၏ ပြောစကားအားလည်း ဂတိအတိုင်းဆက်လက်ဆောင်ရွက်သွားရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အရ အရေးပေါ်ကာလကို အမိန့်ထုတ်ပြန်သည့် နေ့မှ တစ်နှစ်အထိ၊အကျိုးအကြောင်းဖော်ပြလျှက် အချိန်ကာလတိုးမြင့်ပေးရန် တင်ပြလာပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမာန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြင့်နိုင်ကြောင်း ဖော်ပြထားသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးသွားနိုင်ရေးအတွက် လိုအပ်သော ဆောင်ရွက်ချက်များအား နိုင်ငံရေးပါတီများနှင့်ဆောင်ရွက်နေသည့်အပြင် ကော်မရှင်ဘက်ကလည်း လိုအပ်သည့် ဆောင်ရွက်ချက်များ ဆောင်ရွက်နေသည်ဟု ထည့်သွင်းပြောဆိုခြင်းများရှိထားသည်။

(Zawgyi)

မၾကာခင္ ၁ႏွစ္သက္တမ္းျပည့္ေတာ့မည္ျဖစ္၍ ဥပေဒႏွင့္အညီ သက္တမ္းဆက္တိုးသြားမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းဆို

လာမည့္ ေဖေဖာ္ဝါရီ ၁ရက္ေန႔တြင္ နစက၏ သက္တမ္းသည္ တစ္ႏွစ္ျပည့္ေျမာက္ေတာ့မည္ျဖစ္၍ ဥပေဒႏွင့္ အညီဆက္လက္ သက္တမ္းတိုးမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ ဇန္နဝါရီ ၁၄ရက္ ေနျပည္ေတာ္သတင္းစာရွင္းလင္းပြဲေျပာသည္။

သက္တမ္းတိုးႏိုင္ေရးအတြက္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီႏွင့္ တင္ျပသြားမည္ဟုလည္းေျပာသည္။

ယင္းအျပင္ ၂၀၂၃ခုႏွစ္ ၾသဂုတ္လအတြင္း ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ လုပ္ေဆာင္သြားရန္ရွိသည္ဆိုေသာ နစကေကာင္စီ၏ ေျပာစကားအားလည္း ဂတိအတိုင္းဆက္လက္ေဆာင္႐ြက္သြားရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာဆိုခဲ့သည္။

၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၁၁) အေရးေပၚကာလဆိုင္ရာျပဌာန္းခ်က္အရ အေရးေပၚကာလကို အမိန႔္ထုတ္ျပန္သည့္ ေန႔မွ တစ္ႏွစ္အထိ၊အက်ိဳးအေၾကာင္းေဖာ္ျပလွ်က္ အခ်ိန္ကာလတိုးျမင့္ေပးရန္ တင္ျပလာပါက အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီႏွင့္ ညႇိႏႈိင္းၿပီး သာမာန္အားျဖင့္ တစ္ႀကိမ္လွ်င္ ေျခာက္လအထိ ႏွစ္ႀကိမ္တိုးျမင့္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ယေန႔ သတင္းစာရွင္းလင္းပြဲတြင္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက လာမည့္ ေ႐ြးေကာက္ပြဲတြင္ အခ်ိဳးက်ကိုယ္စားျပဳစနစ္က်င့္သုံးသြားႏိုင္ေရးအတြက္ လိုအပ္ေသာ ေဆာင္႐ြက္ခ်က္မ်ားအား ႏိုင္ငံေရးပါတီမ်ားႏွင့္ေဆာင္႐ြက္ေနသည့္အျပင္ ေကာ္မရွင္ဘက္ကလည္း လိုအပ္သည့္ ေဆာင္႐ြက္ခ်က္မ်ား ေဆာင္႐ြက္ေနသည္ဟု ထည့္သြင္းေျပာဆိုျခင္းမ်ားရွိထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071