ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့နဲ့ မြန်မာကျပ်ငွေတို့ တိုက်ရိုက်လဲလှယ်သုံးစွဲဖို့ ဆက်လက်ဆောင်ရွက်နေ

0
346

(Unicode)

ထိုင်းဘတ်၊ အိန္ဒိယရူပီးတို့နဲ့ မြန်မာကျပ်ငွေတို့ တိုက်ရိုက်လဲလှယ်သုံးစွဲဖို့ ဆက်လက်ဆောင်ရွက်နေ

မြန်မာ- ထိုင်း၊မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသတို့မှာ မြန်မာကျပ်ငွေနဲ့ တစ်ဖက်နိုင်ငံသုံးငွေကြေးတို့ တိုက်ရိုက်လဲလှယ်ကုန်သွယ်မှုတို့ ဆောင်ရွက်နိုင်ဖို့ကို သဘောတူညီမှုရရှိထားပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌက ပြောဆိုပါတယ်။

ဒီဇင်ဘာ၃၀ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)မှာ ပြောဆိုခဲ့တာပါ။

၂၀၂၁ခုနှစ် ဒီဇင်ဘာ၁၅ရက်ကစပြီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာတော့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား သဘောတူညီလက်မှတ်ရေးထိုးဆောင်ရွက်မှုနဲ့ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုခွင့် ရရှိနေပြီဖြစ်ပါတယ်။

ငွေပေးချေခွင့်တွေကို မြန်မာ့စီးပွားရေးဘဏ်၊ Bank of China – BOC (Hong Kong) ရန်ကုန် ရုံးခွဲနဲ့ Industrial and Commercial Bank of China (Yangon Branch) တို့မှာ ဆောင်ရွက်ကြဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၁၄ ရက်မှာ ရွေးချယ်ပေးခဲ့တာရှိပါတယ်။

မူဆယ်အခြေစိုက်နယ်စပ်ကုန်သွယ်ရေးကုန်သည်တစ်ဦးက “မြန်မာ-တရုတ် နယ်စပ်တွေမှာတော့ ယွမ်နဲ့ ကျပ်တိုက်ရိုက်အသုံးပြုခွင့်ရနေပြီ။အရင်ကထက် အဆင်ပြေတယ်။ဒီလိုပဲ အခြားသော နယ်စပ်တွေမှာလည်း ဒီလို လုပ်ရင်အဆင်ပြေသွားကြမယ်”လို့ မှတ်ချက်ပြုပါတယ်။

(Zawgyi)

ထိုင္းဘတ္၊ အိႏၵိယ႐ူပီးတို႔နဲ႔ ျမန္မာက်ပ္ေငြတို႔ တိုက္႐ိုက္လဲလွယ္သုံးစြဲဖို႔ ဆက္လက္ေဆာင္႐ြက္ေန

ျမန္မာ- ထိုင္း၊ျမန္မာ- အိႏၵိယ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသတို႔မွာ ျမန္မာက်ပ္ေငြနဲ႔ တစ္ဖက္ႏိုင္ငံသုံးေငြေၾကးတို႔ တိုက္႐ိုက္လဲလွယ္ကုန္သြယ္မႈတို႔ ေဆာင္႐ြက္ႏိုင္ဖို႔ကို သေဘာတူညီမႈရရွိထားၿပီး ဆက္လက္ေဆာင္႐ြက္ေနတယ္လို႔ နစကဥကၠ႒က ေျပာဆိုပါတယ္။

ဒီဇင္ဘာ၃၀ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး အမွတ္စဥ္(၄/၂၀၂၁)မွာ ေျပာဆိုခဲ့တာပါ။

၂၀၂၁ခုႏွစ္ ဒီဇင္ဘာ၁၅ရက္ကစၿပီး တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္မွာေတာ့ တ႐ုတ္ႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံအၾကား သေဘာတူညီလက္မွတ္ေရးထိုးေဆာင္႐ြက္မႈနဲ႔ ယြမ္/က်ပ္ တိုက္႐ိုက္အသုံးျပဳခြင့္ ရရွိေနၿပီျဖစ္ပါတယ္။

ေငြေပးေခ်ခြင့္ေတြကို ျမန္မာ့စီးပြားေရးဘဏ္၊ Bank of China – BOC (Hong Kong) ရန္ကုန္ ႐ုံးခြဲနဲ႔ Industrial and Commercial Bank of China (Yangon Branch) တို႔မွာ ေဆာင္႐ြက္ၾကဖို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဒီဇင္ဘာ ၁၄ ရက္မွာ ေ႐ြးခ်ယ္ေပးခဲ့တာရွိပါတယ္။

မူဆယ္အေျခစိုက္နယ္စပ္ကုန္သြယ္ေရးကုန္သည္တစ္ဦးက “ျမန္မာ-တ႐ုတ္ နယ္စပ္ေတြမွာေတာ့ ယြမ္နဲ႔ က်ပ္တိုက္႐ိုက္အသုံးျပဳခြင့္ရေနၿပီ။အရင္ကထက္ အဆင္ေျပတယ္။ဒီလိုပဲ အျခားေသာ နယ္စပ္ေတြမွာလည္း ဒီလို လုပ္ရင္အဆင္ေျပသြားၾကမယ္”လို႔ မွတ္ခ်က္ျပဳပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here