Saturday, February 14, 2026

နီပေါရွေးကောက်ပွဲနီးလာချိန်ဘုရင်စနစ်ထောက်ခံသူများ ဆန္ဒထုတ်ဖော်

အဂတိလိုက်စားမှုကို ဆန့်ကျင်သော ဂျန်ဇီးအုံကြွမှု ဖြစ်ပေါ်ပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲနီးလာချိန်တွင် နီပေါနိုင်ငံ၏ ဘုရင်ဟောင်းကို ထောက်ခံသူထောင်ပေါင်းများစွာသည် ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌...

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရ၊ တရုတ်နိုင်ငံက ဂုဏ်ပြုစကားဆို

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ)...

ပုသိမ်မြို့အတွင်း ခရီးသွားများဝင်ရောက်လည်ပတ်မှု သိသိသာသာ တိုးတက်လာ

ပွင့်လင်းခရီးသွားရာသီ အစ၌ပင် ပုသိမ်မြို့တွင်းသို့ ဘုရား ဖူး၊ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှာ အရင်နှစ်များထက် သိသိသာသာ တိုးတက်မြင့်မားလာကြောင်းသိရသည်။ "အရင်က ငွေဆောင်၊ ချောင်းသာသွားတယ်ဆို ကြိုးတံတား...

မြန်မာနိုင်ငံအနေဖြင့် ၁၈ နှစ်အတွင်း အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု...

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေးအပ်ချီးမြှင့်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့အထိ ၁၈ နှစ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ဆုပေါင်း...
HomeNewsLocal Newsထားဝယ်တက္ကသိုလ်သမဂ္ဂပြန်ကြားရေးတာဝန်ခံ အလုပ်နဲ့ထောင်ဒဏ်၂နှစ်ချမှတ်ခံရ

ထားဝယ်တက္ကသိုလ်သမဂ္ဂပြန်ကြားရေးတာဝန်ခံ အလုပ်နဲ့ထောင်ဒဏ်၂နှစ်ချမှတ်ခံရ

(Unicode)

ထားဝယ်တက္ကသိုလ်သမဂ္ဂပြန်ကြားရေးတာဝန်ခံ အလုပ်နဲ့ထောင်ဒဏ်၂နှစ်ချမှတ်ခံရ

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ တွဲဘက်သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုးပြည့်အောင်ကို အလုပ်နဲ့ထောင်ဒဏ်၂နှစ်ကျခံစေဖို့ တရားရုံးက ဒီဇင်ဘာ၃၀ရက်မှာ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ၊ ၂၀ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခံလိုက်ရတာဖြစ်ပြီး ၅၀၅(ဂ) ပုဒ်မနဲ့ ဖြစ်တယ်လို့ ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂက ပြောဆိုထားတာရှိပါတယ်။

ကိုစိုးပြည့်အောင် လိုပဲ ထားဝယ်တက္ကသိုလ်ကျောင်းသူဟောင်းတွေဖြစ်ကြတဲ့ မစိုးမီမီကျော် ၊မသျှားပြည့်ခင် တို့ကိုလည်း ဒီဇင်ဘာ၃၀ရက်မှာ ၅၀၅(ဂ) ပုဒ်မနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်စီ အသီးသီးချမှတ်လိုက်တယ်လို့ သမဂ္ဂအဖွဲ့က ပြောဆိုပါတယ်။

ဒီဇင်ဘာ ၃၀ရက်မှာပဲ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်(၃)ဦးလည်း ထောင်ဒဏ်ထပ်မံချခံရတာရှိပါတယ်။

ဗကသများအဖွဲချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကို ဘုန်းမြင့်ကျော်(ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးကော်မတီ)၊ ကိုစိုးလှနိုင်(သက်မွေးကဏ္ဍကျောင်းသားသမဂ္ဂများဆိုင်ရာအတွင်းရေးမှူး) နဲ့ ကိုကျော်သီဟရဲကျော်(ရုံးအဖွဲမှူး)တို့ သုံးဦးကို အောင်မြေသာစံတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုဘုန်းမြင့်ကျော်ကို ၅၀၅(က)(ခ) ၂မှုနဲ့ ထောင်ဒဏ်(၂)နှစ် ထပ်တိုးချမှတ်ခဲ့ပြီး၊ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ကိုနှစ်ဦးကို ၅၀၅(က)(ခ)တပေါင်းတည်း ထောင်ဒဏ်(၁)နှစ်စီ ထပ်မံချမှတ်ခဲ့တာပါ။

ကိုဘုန်းမြင့်ကျော်မှာ စုစုပေါင်းထောင်ဒဏ် သုံးနှစ်ထိချမှတ်ခံထားရပြီး၊ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့နှစ်ဦးဟာ စုစုပေါင်းထောင်ဒဏ်(၈နှစ်၂လ)စီအထိချမှတ်ခံထားရသူတွေဖြစ်ကြပါတယ်။

ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်(၃)ဦးဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလမှစတင်ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး မန္တလေးမြို့ရှိ မဟာအောင်မြေမြို့နယ်တရားရုံး၊ချမ်းအေးသာစံမြို့နယ်တရားရုံး၊အမရပူရမြို့နယ်တရားရုံးနဲ့ အောင်မြေသာစံမြို့နယ်တရားရုံးတို့မှာ အသီးသီး တရားစွဲဆိုခံခဲ့ပြီး ဒီဇင်ဘာ ၃၀ရက်မှာတော့ အပြီးသတ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

(Zawgyi)

ထားဝယ္တကၠသိုလ္သမဂၢျပန္ၾကားေရးတာဝန္ခံ အလုပ္နဲ႔ေထာင္ဒဏ္၂ႏွစ္ခ်မွတ္ခံရ

ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ထားဝယ္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢရဲ႕ တြဲဘက္သတင္းနဲ႔ ျပန္ၾကားေရးတာဝန္ခံ ကိုစိုးျပည့္ေအာင္ကို အလုပ္နဲ႔ေထာင္ဒဏ္၂ႏွစ္က်ခံေစဖို႔ တရား႐ုံးက ဒီဇင္ဘာ၃၀ရက္မွာ ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။

စက္တင္ဘာလ၊ ၂၀ရက္ေန႔က ဖမ္းဆီးခံရၿပီးေနာက္ ယခုကဲ့သို႔ အမိန႔္ခ်မွတ္ခံလိုက္ရတာျဖစ္ၿပီး ၅၀၅(ဂ) ပုဒ္မနဲ႔ ျဖစ္တယ္လို႔ ထားဝယ္တကၠသိုလ္ေက်ာင္းသားသမဂၢက ေျပာဆိုထားတာရွိပါတယ္။

ကိုစိုးျပည့္ေအာင္ လိုပဲ ထားဝယ္တကၠသိုလ္ေက်ာင္းသူေဟာင္းေတြျဖစ္ၾကတဲ့ မစိုးမီမီေက်ာ္ ၊မသွ်ားျပည့္ခင္ တို႔ကိုလည္း ဒီဇင္ဘာ၃၀ရက္မွာ ၅၀၅(ဂ) ပုဒ္မနဲ႔ အလုပ္နဲ႔ ေထာင္ဒဏ္ ၂ႏွစ္စီ အသီးသီးခ်မွတ္လိုက္တယ္လို႔ သမဂၢအဖြဲ႕က ေျပာဆိုပါတယ္။

ဒီဇင္ဘာ ၃၀ရက္မွာပဲ ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဗဟိုအမႈေဆာင္အဖြဲ႕ဝင္(၃)ဦးလည္း ေထာင္ဒဏ္ထပ္မံခ်ခံရတာရွိပါတယ္။

ဗကသမ်ားအဖြဲခ်ဳပ္ ဗဟိုအမႈေဆာင္အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ ကို ဘုန္းျမင့္ေက်ာ္(ေက်ာင္းသားထုအခြင့္အေရးကာကြယ္ေရးေကာ္မတီ)၊ ကိုစိုးလွႏိုင္(သက္ေမြးက႑ေက်ာင္းသားသမဂၢမ်ားဆိုင္ရာအတြင္းေရးမႉး) နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္(႐ုံးအဖြဲမႉး)တို႔ သုံးဦးကို ေအာင္ေျမသာစံတရား႐ုံးမွာ ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး ကိုဘုန္းျမင့္ေက်ာ္ကို ၅၀၅(က)(ခ) ၂မႈနဲ႔ ေထာင္ဒဏ္(၂)ႏွစ္ ထပ္တိုးခ်မွတ္ခဲ့ၿပီး၊ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ကိုႏွစ္ဦးကို ၅၀၅(က)(ခ)တေပါင္းတည္း ေထာင္ဒဏ္(၁)ႏွစ္စီ ထပ္မံခ်မွတ္ခဲ့တာပါ။

ကိုဘုန္းျမင့္ေက်ာ္မွာ စုစုေပါင္းေထာင္ဒဏ္ သုံးႏွစ္ထိခ်မွတ္ခံထားရၿပီး၊ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ႏွစ္ဦးဟာ စုစုေပါင္းေထာင္ဒဏ္(၈ႏွစ္၂လ)စီအထိခ်မွတ္ခံထားရသူေတြျဖစ္ၾကပါတယ္။

ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဗဟိုအမႈေဆာင္အဖြဲ႕ဝင္(၃)ဦးဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလမွစတင္ဖမ္းဆီးခံခဲ့ရသူေတြျဖစ္ၿပီး မႏၲေလးၿမိဳ႕ရွိ မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံး၊ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံး၊အမရပူရၿမိဳ႕နယ္တရား႐ုံးနဲ႔ ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးတို႔မွာ အသီးသီး တရားစြဲဆိုခံခဲ့ၿပီး ဒီဇင္ဘာ ၃၀ရက္မွာေတာ့ အၿပီးသတ္အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071