အကြမ်းဖက်တာတွေကိုရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးကြိုးပမ်းကြဖို့ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို ပန်ကြား

0
80

အကြမ်းဖက်တာတွေကိုရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးကြိုးပမ်းကြဖို့ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို ပန်ကြား

ပစ်ခတ်တိုက်ခိုက်တာတွေမလုပ်ကြဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပန်ကြားချက်တစ်စောင်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲတွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ပါ ထည့်သွင်းတိုက်တွန်းလိုက်ပါတယ်။

ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုရဲ့ ပန်ကြားတောင်းဆိုချက်ထဲမှာ နိုင်ငံတွင်းမှာဖြစ်နေတဲ့ ပြဿနာတွေကို လက်နက်ကိုင်ပြီး ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ မိန့်ထားပါတယ်။

ကယား ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၃၅ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ဆိုးအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း မိန့်ပါတယ်။

ညီအစ်ကိုမောင်နှမချင်း သတ်ဖြတ်ကြတာကြောင့် ပြဿနာတွေ ပြေလည်သွားမှာမဟုတ်သလို လက်နက်ကိုင်ဖြေရှင်းတဲ့ နည်းလမ်းဟာ ပဋိပက္ခကို မဖြေရှင်းဘဲ ပိုလို့ ကြာရှည်သွားစေပြီး လူအများ ပိုသေတာ၊ ငတ်မွတ်တာ၊ ကလေးသူငယ်တွေ ပညာရေးဆုံးရှုံးတာ၊ နိုင်ငံရဲ့ စီးပွားရေးနဲ့ ကျန်းမာရေးစနစ် ထိခိုက်တာတို့ကိုပဲ ဖြစ်စေနိုင်တယ်ဆိုတာ သတိရစေလိုတယ်လို့လည်း မိန့်ကြားပါတယ်။

မြန်မာနိုင်ငံပြဿနာကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်ဖြေရှင်းမှ ရမှာ ဖြစ်တဲ့အကြောင်း၊အချင်းချင်းအကြား ငြိမ်းချမ်းရေးရယူပြီး တရားမျှတတဲ့၊ ဖြောင့်မတ်တဲ့၊ ပြန်လည်သင့်မြတ်တဲ့၊ လွတ်လပ်တဲ့ အနာဂတ်နိုင်ငံတော်ကို အတူတူ တည်ဆောက်ကြရမယ်လို့ပါ မိန့်ကြားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here