မြဝတီမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒဏ်ရာရ၍ မဲဆောက်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသူဒေသခံ ပြည်သူ ၁၂ ဦးရှိပြီဖြစ်

0
144

(Unicode)

မြဝတီမြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒဏ်ရာရ၍ မဲဆောက်ဆေးရုံတွင်ဆေးကုသမှုခံယူနေရသူဒေသခံ ပြည်သူ ၁၂ ဦးရှိပြီဖြစ်

Photo-Screen grab

ကရင်ပြည်နယ်၊မြဝတီမြို့နယ်အတွင်း ဒီဇင်ဘာ ၁၆ ရက်မှစတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်ဒေသခံ ထိခိုက်ဒဏ်ရာရသူများ ရှိ သဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသူ ၁၂ ဦးရှိပြီဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

လေးကေကော်ဒေသ၊ မဲ့ထော်သလေး၊ထီးမယ်ဝါးခီး၊ကော့ကရိတ်မြို့နယ်ရှိ ရန်ကုန်-မြဝတီသွား အာရှလမ်းမကြီးအနီး၊ သေဘောဘိုးနှင့်အခြားတိုက်ပွဲဖြစ်ပွားလျက်ရှိသည့်နေရာများအား ဒီဇင် ဘာ ၂၇ ရက်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိ၍ လူမှုကူညီရေးအဖွဲ့များက သောင်ရင်းမြစ်အားဖြတ်ကာ မဲဆောက်ဆေးရုံသို့ ဒဏ်ရာရသူများအားထပ်မံပို့ ဆောင်ပေးခဲ့ကြသည်။

ထိုကြောင့် ထပ်မံရောက်ရှိလာသည့် ဒဏ်ရာရသူ ၇ ဦးအပါအဝင် မဲဆောက်ဆေးရုံကြီး၌ဆေးကုသမှုခံယူနေရသူ မြန်မာလူမျိုး ၁၂ ဦးအထိရှိပြီဖြစ် သည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“လက်နက်ကြီးနဲ့ပစ်တာတွေရှိသလို နှစ်ဖက်အ ပြန်အလှန်ပစ်တာတွေလည်းရှိတယ် တိုက်ပွဲက တော့ ဘယ်ဖက်ကမှအားသာချက်မရှိသေးဘူး ပြည်သူတွေပဲဒုက္ခရောက်နေရတာ လက်ရှိမှာဒဏ်ရာရတဲ့သူတွေကို မြဝတီဆေးရုံလည်း ပို့ဖို့အဆင်မပြေတော့ မဲဆောက်ဆေးရုံကိုပဲအရေးပေါ်ကုသမှုတွေပေးပြီးအမြန်ပို့ရတာပေါ့”ဟုစစ်ဘေးရှောင်ကူညီပေးသူတစ်ဦးကပြောသည်။

အလားတူ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင်များအနက်မှ ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရသူများရှိသဖြင့် ထိုင်းနိုင်ငံမှကျန်းမာ ရေးဝန်ထမ်းများက သီးသန့်ခွဲ၍ဆေးကုသမှုပြုလုပ်ပေးလျက်ရှိသည်။

Photo-Screen grab

(Zawgyi)

ျမဝတီၿမိဳ႕နယ္အတြင္းျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ဒဏ္ရာရ၍ မဲေဆာက္ေဆး႐ုံတြင္ေဆးကုသမႈခံယူေနရသူေဒသခံ ျပည္သူ ၁၂ ဦးရွိၿပီျဖစ္

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္အတြင္း ဒီဇင္ဘာ ၁၆ ရက္မွစတင္ျဖစ္ပြားခဲ့သည့္တိုက္ပြဲမ်ားေၾကာင့္ေဒသခံ ထိခိုက္ဒဏ္ရာရသူမ်ား ရွိ သျဖင့္ ထိုင္းႏိုင္ငံ မဲေဆာက္ေဆး႐ုံႀကီး၌ ေဆးကုသမႈခံယူေနရသူ ၁၂ ဦးရွိၿပီဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

ေလးေကေကာ္ေဒသ၊ မဲ့ေထာ္သေလး၊ထီးမယ္ဝါးခီး၊ေကာ့ကရိတ္ၿမိဳ႕နယ္ရွိ ရန္ကုန္-ျမဝတီသြား အာရွလမ္းမႀကီးအနီး၊ ေသေဘာဘိုးႏွင့္အျခားတိုက္ပြဲျဖစ္ပြားလ်က္ရွိသည့္ေနရာမ်ားအား ဒီဇင္ ဘာ ၂၇ ရက္ကလက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္ခဲ့သျဖင့္ ထိခိုက္ဒဏ္ရာရရွိသူ ၇ ဦးရွိ၍ လူမႈကူညီေရးအဖြဲ႕မ်ားက ေသာင္ရင္းျမစ္အားျဖတ္ကာ မဲေဆာက္ေဆး႐ုံသို႔ ဒဏ္ရာရသူမ်ားအားထပ္မံပို႔ ေဆာင္ေပးခဲ့ၾကသည္။

ထိုေၾကာင့္ ထပ္မံေရာက္ရွိလာသည့္ ဒဏ္ရာရသူ ၇ ဦးအပါအဝင္ မဲေဆာက္ေဆး႐ုံႀကီး၌ေဆးကုသမႈခံယူေနရသူ ျမန္မာလူမ်ိဳး ၁၂ ဦးအထိရွိၿပီျဖစ္ သည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

“လက္နက္ႀကီးနဲ႔ပစ္တာေတြရွိသလို ႏွစ္ဖက္အ ျပန္အလွန္ပစ္တာေတြလည္းရွိတယ္ တိုက္ပြဲက ေတာ့ ဘယ္ဖက္ကမွအားသာခ်က္မရွိေသးဘူး ျပည္သူေတြပဲဒုကၡေရာက္ေနရတာ လက္ရွိမွာဒဏ္ရာရတဲ့သူေတြကို ျမဝတီေဆး႐ုံလည္း ပို႔ဖို႔အဆင္မေျပေတာ့ မဲေဆာက္ေဆး႐ုံကိုပဲအေရးေပၚကုသမႈေတြေပးၿပီးအျမန္ပို႔ရတာေပါ့”ဟုစစ္ေဘးေရွာင္ကူညီေပးသူတစ္ဦးကေျပာသည္။

အလားတူ ထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ျမန္မာစစ္ေဘးေရွာင္မ်ားအနက္မွ ကိုဗစ္(၁၉)ေရာဂါကူးစက္ခံထားရသူမ်ားရွိသျဖင့္ ထိုင္းႏိုင္ငံမွက်န္းမာ ေရးဝန္ထမ္းမ်ားက သီးသန္႔ခြဲ၍ေဆးကုသမႈျပဳလုပ္ေပးလ်က္ရွိသည္။

Photo-Screen grab


LEAVE A REPLY

Please enter your comment!
Please enter your name here