ဆန်းသစ်မှုတွေနဲ့ ဘဂ္ဂဒက်ရဲ့ စာအုပ်လမ်း

0
157

(Unicode)

ဆန်းသစ်မှုတွေနဲ့ ဘဂ္ဂဒက်ရဲ့ စာအုပ်လမ်း

အီရတ်မြို့တော်၊ ဘဂ္ဂဒက်မှာ စနေနေ့က စာ​ပေလုပ်ငန်းရဲ့ သမိုင်းဝင်နှလုံးသားဖြစ်တဲ့ AI-Mutanabbi လမ်းကို ပြုပြင်မွှမ်းမံပြီးပြန်ဖွင့်တဲ့ အခမ်း အနား ကျင်းပခဲ့ပါတယ်။

ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခများအပြီးမှာ အနုပညာပြန်လည်ဆန်းသစ်လာမှုရဲ့ နောက်ဆုံးလက္ခဏာလည်း ဖြစ်ပါတယ်။

တချိန်ကပေါက်ကွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့မြိုတော်မှာ ပြန်လည်မွမ်းမံထားတဲ့ AI-Mutanabbi လမ်းကို ဖွင့်လှစ်ဖို့အတွက် ပွဲ တော်အတွင်းမှာ မီး​စောင်စုံနဲ့ လင်းထိန်နေပါတယ်။

၄င်းလမ်းရဲ့ အနုပညာပြပွဲများ၊ ပြခန်းဖွင့်ပွဲများ၊သာအုပ်စျေးရောင်းပွဲများနဲ့ ယဉ်ကျေးမှုခေတ်ဆန်းကို ရောင်ပြန်ဟပ်စေတဲ့ပွဲတော်များဟာ အာရပ်ကမ္ဘာရဲ့ ယဉ်ကျေးမှုမြို့တော်တွေထဲက ဘဂ္ဂဒက်ရဲ့ရွှေခေတ်ကို ပြန်အမှတ်ရမိ​စေတယ်လို့ AFPက ဖော်ပြထားပါတယ်။

AI-Mutanabbi လမ်းကို ဘုရင် Faisal I မှ ၁၉၂၃ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ခေတ်ရဲ့ အီရတ်နိုင်ငံဖြစ်လာမယ့် Abbasid မင်းဆက်အောက်မှာ မွေးဖွားခဲ့သူ ၁၀ရာစုရဲ့ ကဗျာဆရာ Abul Tayeb al-Mutanabbi ကို အစွဲပြုပြီးအမည်ပေးခဲ့ပါတယ်။

ဘဂ္ဂဒက်မြို့ဟောင်းရဲ့ အလယ်ဗဟိုမှာရှိတဲ့ လမ်းကျဉ်းလေး Al-Mutanabbi ဟာ ကျောင်းသားတွေနဲ့လူငယ်တွေနဲ့စည်ကားပြီး အထူးသဖြင့် သောကြာလို နေ့မျိုးမှာဆွဲ​ဆောင်မူများတဲ့လမ်းလည်းဖြစ်ပါတယ်။

ဩဂုတ်လမှာ စတင်ခဲ့တဲ့ ၄င်းလမ်းပြင်ဆင်မွမ်းမံခြင်းအတွက် ပုဂ္ဂလိကဘဏ်တွေဟာငွေကြေးထောက်ပံ့ခဲ့ပါတယ်။

၂၀၀၇ခုနှစ် မတ်လမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ စာအုပ်ဆိုင် ကို သားဖြစ်သူ Mohamed Adnan က အမွေဆက်ခံယူခဲ့ပါတယ်။

Mohamed က ” အသက်ရှင်ကျန်ရစ်သူတွေကို လမ်းက ဘယ်လိုပြောင်းလဲသွားလဲဆိုတာ မြင် စေချင်တယ်” လို့ ပြောပါတယ်။

Photo Credit-Asharq AI-Awsat

(Zawgyi)

ဆန္းသစ္မႈေတြနဲ႔ ဘဂၢဒက္ရဲ႕ စာအုပ္လမ္း

အီရတ္ၿမိဳ႕ေတာ္၊ ဘဂၢဒက္မွာ စေနေန႔က စာ​ေပလုပ္ငန္းရဲ႕ သမိုင္းဝင္ႏွလုံးသားျဖစ္တဲ့ AI-Mutanabbi လမ္းကို ျပဳျပင္မႊမ္းမံၿပီးျပန္ဖြင့္တဲ့ အခမ္း အနား က်င္းပခဲ့ပါတယ္။

ဒါဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ပဋိပကၡမ်ားအၿပီးမွာ အႏုပညာျပန္လည္ဆန္းသစ္လာမႈရဲ႕ ေနာက္ဆုံးလကၡဏာလည္း ျဖစ္ပါတယ္။

တခ်ိန္ကေပါက္ကြဲမႈေတြနဲ႔ အၾကမ္းဖက္မႈေတြျဖစ္ခဲ့တဲ့ၿမိဳေတာ္မွာ ျပန္လည္မြမ္းမံထားတဲ့ AI-Mutanabbi လမ္းကို ဖြင့္လွစ္ဖို႔အတြက္ ပြဲ ေတာ္အတြင္းမွာ မီး​ေစာင္စုံနဲ႔ လင္းထိန္ေနပါတယ္။

၄င္းလမ္းရဲ႕ အႏုပညာျပပြဲမ်ား၊ ျပခန္းဖြင့္ပြဲမ်ား၊သာအုပ္ေစ်းေရာင္းပြဲမ်ားနဲ႔ ယဥ္ေက်းမႈေခတ္ဆန္းကို ေရာင္ျပန္ဟပ္ေစတဲ့ပြဲေတာ္မ်ားဟာ အာရပ္ကမာၻရဲ႕ ယဥ္ေက်းမႈၿမိဳ႕ေတာ္ေတြထဲက ဘဂၢဒက္ရဲ႕ေ႐ႊေခတ္ကို ျပန္အမွတ္ရမိ​ေစတယ္လို႔ AFPက ေဖာ္ျပထားပါတယ္။

AI-Mutanabbi လမ္းကို ဘုရင္ Faisal I မွ ၁၉၂၃ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး ယေန႔ေခတ္ရဲ႕ အီရတ္ႏိုင္ငံျဖစ္လာမယ့္ Abbasid မင္းဆက္ေအာက္မွာ ေမြးဖြားခဲ့သူ ၁၀ရာစုရဲ႕ ကဗ်ာဆရာ Abul Tayeb al-Mutanabbi ကို အစြဲျပဳၿပီးအမည္ေပးခဲ့ပါတယ္။

ဘဂၢဒက္ၿမိဳ႕ေဟာင္းရဲ႕ အလယ္ဗဟိုမွာရွိတဲ့ လမ္းက်ဥ္းေလး Al-Mutanabbi ဟာ ေက်ာင္းသားေတြနဲ႔လူငယ္ေတြနဲ႔စည္ကားၿပီး အထူးသျဖင့္ ေသာၾကာလို ေန႔မ်ိဳးမွာဆြဲ​ေဆာင္မူမ်ားတဲ့လမ္းလည္းျဖစ္ပါတယ္။

ဩဂုတ္လမွာ စတင္ခဲ့တဲ့ ၄င္းလမ္းျပင္ဆင္မြမ္းမံျခင္းအတြက္ ပုဂၢလိကဘဏ္ေတြဟာေငြေၾကးေထာက္ပံ့ခဲ့ပါတယ္။

၂၀၀၇ခုႏွစ္ မတ္လမွာ အေသခံဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ ဖခင္ျဖစ္သူရဲ႕ စာအုပ္ဆိုင္ ကို သားျဖစ္သူ Mohamed Adnan က အေမြဆက္ခံယူခဲ့ပါတယ္။

Mohamed က ” အသက္ရွင္က်န္ရစ္သူေတြကို လမ္းက ဘယ္လိုေျပာင္းလဲသြားလဲဆိုတာ ျမင္ ေစခ်င္တယ္” လို႔ ေျပာပါတယ္။

Photo Credit-Asharq AI-Awsat


LEAVE A REPLY

Please enter your comment!
Please enter your name here