မော်လမြိုင်ကျွန်းက ရာဇူတိုင်တံတားအောက်မှာ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲ

0
163

မော်လမြိုင်ကျွန်းက ရာဇူတိုင်တံတားအောက်မှာ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့နယ်၊တယ်ချောင်းရွာနားက ရာဇူတိုင်အမှတ်(၂)တံတားအောက်မှာ ဒီနေ့မနက် ၁၁ နာရီလောက်က လက် လုပ်ဗုံးနှစ်လုံးထဲက တစ်လုံးပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးကိုသက်မဲ့ပြုလုပ်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“တံတားအောက်မှာက လုံခြုံရေးစောင့်နေတဲ့ စစ် သားတွေကော ရဲတွေကောရှိတဲ့နေရာလောက်မှာပေါက်တာ ဒါပေမဲ့ သူတို့နဲ့ပေါက်တဲ့နေရာကလှမ်းတော့ ဘာမှတော့ဖြစ်မသွားဘူး”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ရာဇူတိုင်အမှတ်(၂)တံတားရဲ့ တံတားပိုင်အမှတ်- ၆/၅ အောက်ခြေနားမှာပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာကို လုံခြုံရေးအဖွဲ့တွေကစစ်ဆေးတဲ့အခါမှာ လက်လုပ်ဗုံးဖြစ်ပြီး မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတစ်လုံးကိုထပ်တွေ့ခဲ့တာကြောင့် သက်မဲ့ပြုလုပ်ပြီးသိမ်းဆည်းခဲ့ပါတယ်။

Photo _ ထွန်းထွန်းနိုင်

Zaw Gyi

ေမာ္လၿမိဳင္ကၽြန္းက ရာဇူတိုင္တံတားေအာက္မွာ လက္လုပ္ဗုံးတစ္လုံးေပါက္ကြဲ

ဧရာဝတီတိုင္း၊ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕နယ္၊တယ္ေခ်ာင္းရြာနားက ရာဇူတိုင္အမွတ္(၂)တံတားေအာက္မွာ ဒီေန႔မနက္ ၁၁ နာရီေလာက္က လက္ လုပ္ဗုံးႏွစ္လုံးထဲက တစ္လုံးေပါက္ကြဲခဲ့ၿပီး က်န္တစ္လုံးကိုသက္မဲ့ျပဳလုပ္နိုင္ခဲ့တယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။

“တံတားေအာက္မွာက လုံျခဳံေရးေစာင့္ေနတဲ့ စစ္ သားေတြေကာ ရဲေတြေကာရွိတဲ့ေနရာေလာက္မွာေပါက္တာ ဒါေပမဲ့ သူတို႔နဲ႔ေပါက္တဲ့ေနရာကလွမ္းေတာ့ ဘာမွေတာ့ျဖစ္မသြားဘူး”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။

ရာဇူတိုင္အမွတ္(၂)တံတားရဲ့ တံတားပိုင္အမွတ္- ၆/၅ ေအာက္ေျခနားမွာေပါက္ကြဲခဲ့တာျဖစ္ပါတယ္။

ဗုံးေပါက္ကြဲတဲ့ေနရာကို လုံျခဳံေရးအဖြဲ႕ေတြကစစ္ေဆးတဲ့အခါမွာ လက္လုပ္ဗုံးျဖစ္ၿပီး မေပါက္ကြဲေသးတဲ့ လက္လုပ္ဗုံးတစ္လုံးကိုထပ္ေတြ႕ခဲ့တာေၾကာင့္ သက္မဲ့ျပဳလုပ္ၿပီးသိမ္းဆည္းခဲ့ပါတယ္။

Photo _ ထြန္းထြန္းနိုင္


LEAVE A REPLY

Please enter your comment!
Please enter your name here