မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုကနေ အမေရိကန်ဒေါ်လာသန်း ငါးထောင်ကျော်ကုန်သွယ်မှုလုပ်နိုင်ခဲ့

0
442

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုကနေ အမေရိကန်ဒေါ်လာသန်း ငါးထောင်ကျော်ကုန်သွယ်မှုလုပ်နိုင်ခဲ့

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲကမှ အဓိက ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၊ကန်ပိုက်တီးကုန်သွယ်ရေးစခန်းနဲ့လွယ်ဂျယ်ကုန်သွယ်ရေးစခန်း နယ်စပ်ဂိတ်တွေကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၀၂၂ ဒသမ ၀၁၁ သန်းကုန်သွယ်မှုလုပ်နိုင်ခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာန၊မူဝါဒဌာနခွဲက သိရပါတယ်။

မြန်မာနိုင်ငံဖက်ကနေ တရုတ်နိုင်ငံကို သဘာဝ ဓာတ်ငွေ့၊ပဲတီစိမ်း၊နှမ်း၊ရာဘာစိမ်း၊ဆန်နဲ့ဇကွဲ၊ကြက်သွန်နီ၊တစ်သျှူးဌက်ပျော၊လယ်ယာထွက် ကုန်ပစ္စည်းတွေနဲ့စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို အဓိကထားတင်ပို့ခဲ့တာဖြစ်ပါတယ်။

အလားတူပဲ တရုတ်နိုင်ငံဖက်ကနေ ချည်ထည်၊ပိတ်စအမျိုးမျိုး၊ဖုန်းပစ္စည်း၊မော်တော်ယာဥ်အပို ပစ္စည်းတွေ၊စက်နဲ့စက်ပစ္စည်း၊ဓာတ်မြေသြဇာ၊လယ်ယာသုံးပစ္စည်း၊ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ဆေးဝါးပစ္စည်းတွေကို သွင်းကုန်အဖြစ်ပြန်လည်တင်သွင်းခဲ့ပါတယ်။

“ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၅၀၂၂ ဒသမ ၀၁၁ သန်းတင်ပို့နိုင်ခဲ့ပါတယ် ပို့ကုန်က အမေရိကန်ဒေါ်လာ ၃၇၀၂ သန်းကျော်ဖိုးနဲ့ သွင်းကုန်က အမေရိကန်ဒေါ်လာ ၁၃၁၉ သန်းကျော်ဖိုးပါ” လို့ ကုန်သွယ်ရေးဦးစီးဌာန၊မူဝါဒဌာနခွဲက ညွှန်ကြားရေးမှူးဦးဝင်းလွင်ကပြောပါတယ်။

ဒါ့အပြင် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်ရဲ့ အောက် တိုဘာကနေ နိုဝင်ဘာ ၂၆ အထိပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇၁.၁၆၆ သန်းနဲ့သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂.၉၉၁ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁၈၈.၁၅၇ သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာ ၂၆ ရက်မှာ နှစ်နိုင်ငံညှိနှိုင်းပြီး နိုဝင်ဘာ ၂၆ ရက်က ကိုဗစ်(၁၉)ရောဂါကန့်သန်ချက်တွေနဲ့အညီပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ကန်ပိုက်တီးကုန်သွယ် ရေးဂိတ်ကိုတော့ ဇူလိုင် ၁၂ ရက်ကစပြီးပိတ်ထားခဲ့ပြီး ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးပစ္စည်းတွေကိုပဲတင်သွင်းခွင့်ပြုထားပါတယ်။

“မြန်မာ-တရုတ်ကုန်သွယ်မှုအဓိကမျက်နှာစာဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့တရုတ်နိုင် ငံနဲ့ဖက်ခြမ်း ကုန်သွယ်မှုလုပ်ငန်းတွေကို အရှိန်အ ဟုန်နဲ့လုပ်နိုင်အောင် အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီးဒီထက်မကကုန်သွယ်မှုပို့ကုန်တန်ဖိုးတွေမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်”လို့ ဦးဝင်းလွင်ကပြောပါတယ်။

Zaw Gyi

ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးစခန္း ေလးခုကေန အေမရိကန္ေဒၚလာသန္း ငါးေထာင္ေက်ာ္ကုန္သြယ္မွုလုပ္နိုင္ခဲ့

ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးစခန္းေတြထဲကမွ အဓိက ကုန္သြယ္ေရးစခန္းေတြျဖစ္တဲ့ မူဆယ္(၁၀၅)မိုင္ကုန္သြယ္ေရးဇုန္၊ခ်င္းေရႊေဟာ္ကုန္သြယ္ေရးစခန္း၊ကန္ပိုက္တီးကုန္သြယ္ေရးစခန္းနဲ႔လြယ္ဂ်ယ္ကုန္သြယ္ေရးစခန္း နယ္စပ္ဂိတ္ေတြကေန ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ ကုန္သြယ္မွုပမာဏ အေမရိကန္ေဒၚလာ ၅၀၂၂ ဒသမ ၀၁၁ သန္းကုန္သြယ္မွုလုပ္နိုင္ခဲ့တယ္လို႔ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ကုန္သြယ္ေရးဦးစီးဌာန၊မူဝါဒဌာနခြဲက သိရပါတယ္။

ျမန္မာနိုင္ငံဖက္ကေန တ႐ုတ္နိုင္ငံကို သဘာဝ ဓာတ္ေငြ႕၊ပဲတီစိမ္း၊ႏွမ္း၊ရာဘာစိမ္း၊ဆန္နဲ႔ဇကြဲ၊ၾကက္သြန္နီ၊တစ္သၽွဴးဌက္ေပ်ာ၊လယ္ယာထြက္ ကုန္ပစၥည္းေတြနဲ႔စိုက္ပ်ိဳးေရးထြက္ကုန္ပစၥည္းေတြကို အဓိကထားတင္ပို႔ခဲ့တာျဖစ္ပါတယ္။

အလားတူပဲ တ႐ုတ္နိုင္ငံဖက္ကေန ခ်ည္ထည္၊ပိတ္စအမ်ိဳးမ်ိဳး၊ဖုန္းပစၥည္း၊ေမာ္ေတာ္ယာဥ္အပို ပစၥည္းေတြ၊စက္နဲ႔စက္ပစၥည္း၊ဓာတ္ေျမၾသဇာ၊လယ္ယာသုံးပစၥည္း၊ေဆာက္လုပ္ေရးပစၥည္းေတြနဲ႔ေဆးဝါးပစၥည္းေတြကို သြင္းကုန္အျဖစ္ျပန္လည္တင္သြင္းခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ ၅၀၂၂ ဒသမ ၀၁၁ သန္းတင္ပို႔နိုင္ခဲ့ပါတယ္ ပို႔ကုန္က အေမရိကန္ေဒၚလာ ၃၇၀၂ သန္းေက်ာ္ဖိုးနဲ႔ သြင္းကုန္က အေမရိကန္ေဒၚလာ ၁၃၁၉ သန္းေက်ာ္ဖိုးပါ” လို႔ ကုန္သြယ္ေရးဦးစီးဌာန၊မူဝါဒဌာနခြဲက ညႊန္ၾကားေရးမွူးဦးဝင္းလြင္ကေျပာပါတယ္။

ဒါ့အျပင္ ၂၀၂၁-၂၀၂၂ မီနီဘတ္ဂ်က္ရဲ့ ေအာက္ တိုဘာကေန နိုဝင္ဘာ ၂၆ အထိပို႔ကုန္တန္ဖိုးအေမရိကန္ေဒၚလာ ၁၇၁.၁၆၆ သန္းနဲ႔သြင္းကုန္တန္ဖိုး အေမရိကန္ေဒၚလာ ၁၂.၉၉၁ သန္း စုစုေပါင္းကုန္သြယ္မွုပမာဏအေမရိကန္ေဒၚလာ ၁၈၈.၁၅၇ သန္းဖိုးတင္ပို႔နိုင္ခဲ့တယ္လို႔ ကုန္သြယ္ေရးဦးစီးဌာနရဲ့ စာရင္းေတြအရသိရပါတယ္။

မူဆယ္ ၁၀၅ မိုင္ကုန္သြယ္ေရးဇုန္ကို နိုဝင္ဘာ ၂၆ ရက္မွာ ႏွစ္နိုင္ငံညႇိႏွိုင္းၿပီး နိုဝင္ဘာ ၂၆ ရက္က ကိုဗစ္(၁၉)ေရာဂါကန္႔သန္ခ်က္ေတြနဲ႔အညီျပန္လည္ဖြင့္လွစ္ေပးခဲ့ပါတယ္။ကန္ပိုက္တီးကုန္သြယ္ ေရးဂိတ္ကိုေတာ့ ဇူလိုင္ ၁၂ ရက္ကစၿပီးပိတ္ထားခဲ့ၿပီး ကိုဗစ္(၁၉)ေရာဂါကာကြယ္ေရးပစၥည္းေတြကိုပဲတင္သြင္းခြင့္ျပဳထားပါတယ္။

“ျမန္မာ-တ႐ုတ္ကုန္သြယ္မွုအဓိကမ်က္ႏွာစာျဖစ္တဲ့ မူဆယ္ ၁၀၅ မိုင္ကုန္သြယ္ေရးဇုန္နဲ႔တ႐ုတ္နိုင္ ငံနဲ႔ဖက္ျခမ္း ကုန္သြယ္မွုလုပ္ငန္းေတြကို အရွိန္အ ဟုန္နဲ႔လုပ္နိုင္ေအာင္ အခက္အခဲေပါင္းမ်ားစြာကို ေက်ာ္လႊားၿပီးဒီထက္မကကုန္သြယ္မွုပို႔ကုန္တန္ဖိုးေတြျမင့္မားလာေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္”လို႔ ဦးဝင္းလြင္ကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here