ကိုဗစ်၁၉ကူးစက်မှုတွေ မြင့်တက်လာသော် လည်း ကန့်သတ်ချက် တွေကို ဖြေလျှော့ပေးဖို့ ဩစတေးလျ ဘဏ္ဍာရေးမှူးတောင်းဆို

0
185

ကိုဗစ်၁၉ကူးစက်မှုတွေမြင့်တက်လာသော် လည်း ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ဩစတေးလျဘဏ္ဍာရေးမှူးတောင်းဆို

ဩစတေးလျဟာ နေ့စဉ်ကူးစက်မှုနှုန်း ၆ပတ်ဆက်တိုက်မြင့်တက်လာသော်လည်းစီးပွါးရေးတွေ ပြန်လည်ဦး မော့လာဖို့အတွက် ကိုဗစ်၁၉ကန့်သတ်ချက်တွေကိုဖြေလျှော့ရမယ်လို့ ဘဏ္ဍာ ရေးမှူး Josh Frydenberg က စနေနေ့မှာ ပြောခဲ့ပါတယ်။

“ပြည်နယ်တွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆ က်သွားဖို့လိုပါတယ်။Omicron အမျိုးအစားကိုလွန်လွန်ကဲကဲမတုံ့ပြန်ပါနဲ့”လို့ Frydenberg က
မဲလ်ဘုန်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဩစတေးလျဟာ ကမ္ဘာပေါ်မှာ ကာကွယ်ဆေးထိုးနှံမှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၁၆နှစ် အထက်လူဦးရေ ၉၀%နီးပါးဟာ ကာကွယ် ဆေးအပြည့်ထိုးနှံပြီးသူများ ဖြစ်ပါတယ်။

သို့သော်လည်း ဩစတေးလျဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်၁၉ကူးစက်ခံရမှု ၁၇၅၃ခုရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ ၃%မြင့်တက်လာခဲ့ကာ အောက်တိုဘာ ၂၉နောက်ပိုင်း ကူးစက်မှု အများဆုံးတွေ့တာလည်း ဖြစ်ပါတယ်။

Frydenberg က Omicron မျိုးကွဲနဲ့ပတ်သက် ပြီး စိုးရိမ်ပူပန်မှုတွေရှိနေပေမယ့်လည်း ဩစ တေးလျနိုင်ငံရဲ့ စီးပွါးရေးတိုးတက်မှုကို အရှိန် မြှင့်ဖို့လိုအပ်ကြောင်းအလေးပေးပြောခဲ့ကာ ပြည်နယ်နဲ့နယ်မြေခေါင်းဆောင်တွေဟာ အ ကောင်အထည်ဖော်နေတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့လိုကြောင်း ပြောခဲ့ပါတယ်။

“ကျွန်တော်တို့စီးပွါးရေးပြန်လည်ဦးမော့လာမှုဟာ ဒါတွေအပေါ်မူတည်ပါတယ်။ကျွန်တော်တို့မှာ ကာကွယ်ဆေးထိုးနှုန်းဟာ စံချိန်တင်မြင့်မားနေပြီး ဒါဟာ ကိုဗစ်၁၉ကို ကာကွယ်ဖို့ အ ရေးကြီးတဲ့ အကာအကွယ်တစ်ခုဖြစ်ကြောင်းသက်သေပြထားပါတယ်”လို့ Frydenberg က ပြောပါတယ်။

ကာကွယ်ဆေးတွေထွက်ရှိလာတာကြောင့် အချို့သောအစီအမံတွေကို ဖြေလျှော့ပေးခဲ့ပေမယ့်လည်း ပြည်နယ်တွေကို ခရီးသွားလာခွင့်တားမြစ်ထားဆဲဖြစ်ပြီး စျေးဆိုင်များနဲ့စားသောက်ဆိုင်များမှာ ကန့်သတ်ချက်တွေတင်းတင်းကျပ်ကျပ်ပြဌာန်းထားပါတယ်။

စီးပွါးရေးပညာရှင်တွေနဲ့မူဝါဒချမှတ်သူတွေကတော့ နိုင်ငံတကာနယ်စပ်တွေကို ပြန်လည်ဖွင့်လှစ်ပြီး ခရီးသွားလုပ်ငန်းနဲ့ပညာရေးကဏ္ဍကို
ပြန်မြှင့်တင်မယ်ဆိုရင် နိုင်ငံရဲ့စီးပွါးရေးဟာ၂၀၂၂ခုနှစ်မှာ သိသိသာသာပြန်ကောင်းမွန်လာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

ဩစတေးလျ ပြီးခဲ့တဲ့လက နိုင်ငံခြားဗီဇာကိုင် ဆောင်သူတွေကို အနည်းဆုံး ဒီဇင်ဘာလလယ် ထိ ဝင်ခွင့်ပြုဖို့ ရွှေ့ဆိုင်းထားပြီး လာမယ့်ရက် အနည်းငယ်အတွင်းမှာ ပြန်ဖွင့်၊မဖွင့် ဆုံးဖြတ်ချက်ကို ချမှတ်မယ်လို့ Frydenberg က ပြောခဲ့ပါတယ်။

Source-CNA

Zaw Gyi

ကိုဗစ္၁၉ကူးစက္မွုေတြျမင့္တက္လာေသာ္ လည္း ကန္႔သတ္ခ်က္ေတြကို ေျဖေလၽွာ့ေပးဖို႔ ဩစေတးလ်ဘ႑ာေရးမွူးေတာင္းဆို

ဩစေတးလ်ဟာ ေန႔စဥ္ကူးစက္မွုႏွုန္း ၆ပတ္ဆက္တိုက္ျမင့္တက္လာေသာ္လည္းစီးပြါးေရးေတြ ျပန္လည္ဦး ေမာ့လာဖို႔အတြက္ ကိုဗစ္၁၉ကန္႔သတ္ခ်က္ေတြကိုေျဖေလၽွာ့ရမယ္လို႔ ဘ႑ာ ေရးမွူး Josh Frydenberg က စေနေန႔မွာ ေျပာခဲ့ပါတယ္။

“ျပည္နယ္ေတြဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ေရွ႕ဆ က္သြားဖို႔လိုပါတယ္။Omicron အမ်ိဳးအစားကို
လြန္လြန္ကဲကဲမတုံ႔ျပန္ပါနဲ႔”လို႔ Frydenberg က
မဲလ္ဘုန္းမွာ သတင္းေထာက္ေတြကို ေျပာခဲ့ပါ
တယ္။

ဩစေတးလ်ဟာ ကမၻာေပၚမွာ ကာကြယ္ေဆးထိုးႏွံမွုအမ်ားဆုံးနိုင္ငံတစ္နိုင္ငံျဖစ္ၿပီး ၁၆ႏွစ္ အထက္လူဦးေရ ၉၀%နီးပါးဟာ ကာကြယ္ ေဆးအျပည့္ထိုးႏွံၿပီးသူမ်ား ျဖစ္ပါတယ္။

သို႔ေသာ္လည္း ဩစေတးလ်ဟာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကိုဗစ္၁၉ကူးစက္ခံရမွု ၁၇၅၃ခုရွိ
ၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ၃%ျမင့္တက္လာခဲ့ကာ ေအာက္တိုဘာ ၂၉ေနာက္ပိုင္း ကူးစက္မွု အမ်ားဆုံးေတြ႕တာလည္း ျဖစ္ပါတယ္။

Frydenberg က Omicron မ်ိဳးကြဲနဲ႔ပတ္သက္ ၿပီး စိုးရိမ္ပူပန္မွုေတြရွိေနေပမယ့္လည္း ဩစ ေတးလ်နိုင္ငံရဲ့ စီးပြါးေရးတိုးတက္မွုကို အရွိန္ ျမႇင့္ဖို႔လိုအပ္ေၾကာင္းအေလးေပးေျပာခဲ့ကာ ျပည္နယ္နဲ႔နယ္ေျမေခါင္းေဆာင္ေတြဟာ အ ေကာင္အထည္ေဖာ္ေနတဲ့ ကန္႔သတ္ခ်က္ေတြကို ေျဖေလၽွာ့ဖို႔လိုေၾကာင္း ေျပာခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔စီးပြါးေရးျပန္လည္ဦးေမာ့လာမွုဟာ ဒါေတြအေပၚမူတည္ပါတယ္။ကၽြန္ေတာ္တို႔မွာ ကာကြယ္ေဆးထိုးႏွုန္းဟာ စံခ်ိန္တင္ျမင့္မားေနၿပီး ဒါဟာ ကိုဗစ္၁၉ကို ကာကြယ္ဖို႔ အ ေရးႀကီးတဲ့ အကာအကြယ္တစ္ခုျဖစ္ေၾကာင္း
သက္ေသျပထားပါတယ္”လို႔ Frydenberg က ေျပာပါတယ္။

ကာကြယ္ေဆးေတြထြက္ရွိလာတာေၾကာင့္ အခ်ိဳ႕ေသာအစီအမံေတြကို ေျဖေလၽွာ့ေပးခဲ့ေပမယ့္လည္း ျပည္နယ္ေတြကို ခရီးသြားလာခြင့္တားျမစ္ထားဆဲျဖစ္ၿပီး ေစ်းဆိုင္မ်ားနဲ႔စားေသာက္ဆိုင္မ်ားမွာ ကန္႔သတ္ခ်က္ေတြတင္းတင္းက်ပ္က်ပ္ျပဌာန္းထားပါတယ္။

စီးပြါးေရးပညာရွင္ေတြနဲ႔မူဝါဒခ်မွတ္သူေတြကေတာ့ နိုင္ငံတကာနယ္စပ္ေတြကို ျပန္လည္ဖြင့္လွစ္ၿပီး ခရီးသြားလုပ္ငန္းနဲ႔ပညာေရးက႑ကို
ျပန္ျမႇင့္တင္မယ္ဆိုရင္ နိုင္ငံရဲ့စီးပြါးေရးဟာ
၂၀၂၂ခုႏွစ္မွာ သိသိသာသာျပန္ေကာင္းမြန္လာနိုင္တယ္လို႔ ေမၽွာ္လင့္ထားပါတယ္။

ဩစေတးလ် ၿပီးခဲ့တဲ့လက နိုင္ငံျခားဗီဇာကိုင္ ေဆာင္သူေတြကို အနည္းဆုံး ဒီဇင္ဘာလလယ္ ထိ ဝင္ခြင့္ျပဳဖို႔ ေရႊ႕ဆိုင္းထားၿပီး လာမယ့္ရက္ အနည္းငယ္အတြင္းမွာ ျပန္ဖြင့္၊မဖြင့္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္မယ္လို႔ Frydenberg က ေျပာခဲ့ပါတယ္။

Source-CNA


LEAVE A REPLY

Please enter your comment!
Please enter your name here