“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပန်ခမ်းမြို့ကို ၉ ရက်ကြာလော့ဒေါင်းထပ်ချ

0
189

(Unicode)

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပန်ခမ်းမြို့ကို ၉ ရက်ကြာလော့ဒေါင်းထပ်ချ

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက “ဝ” လက် နက်ကိုင်တပ်ဖွဲ့ (UWSA / UWSP)ဌာနချုပ်ရုံးစိုက်တဲ့ ပန်ခမ်းမြို့ကို နိုဝင်ဘာ ၂၄ ရက်ကနေ ဒီဇင် ဘာ ၂ ရက်အထိ ၉ ရက်ကြာ လော့ဒေါင်းထပ်ချလိုက်တယ်လို့ ပန်ခမ်းမြို့ ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပန်ခမ်းတစ်မြို့လုံးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ငါးရက်ကြာလော့ဒေါင်းချပြီး အာခေါင်တို့ဖတ်ယူစစ်ဆေးရာ နေရာအတော်များများမှာ ရောဂါကူးစက်ခံရမှုတွေရှိတာကြောင့် အခုလိုချမှတ်ရခြင်းဖြစ်ပါတယ်။

လော့ဒေါင်းချမှတ်ထားတဲ့ ကိုးရက်အတွင်းမှာ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကိုလုပ် ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့လို ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေချိန်မှာ ပူးပေါင်းပါဝင်မှုမရှိဘဲ စည်းကမ်းပျက်ကွက်သူတွေကို ဒဏ်ကြေးငွေချမှတ်ကောက်ခံသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo-WSTV

(Zawgyi)






Photo-WSTV


LEAVE A REPLY

Please enter your comment!
Please enter your name here