“ထိုင်းနိုင်ငံတွင် မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ အလှမယ် အမရာရွှန်းလဲ့”

0
219

“ထိုင်းနိုင်ငံတွင် မြန်မာကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ အလှမယ် အမရာရွှန်းလဲ့”

မြန်မာအလှမယ် အမရာရွှန်းလဲ့ဟာ ထိုင်းနိုင်ငံမှာ မြန်မာကိုယ်စားပြုအလှမယ်အနေနဲ့ ယှဥ်ပြိုင်ဖို့အတွက် နိုဝင်ဘာလ ၁၄ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွါသွားခဲ့ပြီဖြစ်ပါတယ်။

သူမနေနဲ့ Miss Grand International ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲဟာ ၂၀၁၃ခုနှစ်ထဲက စတင်ကျင်းပလာကာ ယခုနှစ်မှာတော့ ၉ကြိမ်မြောက် ကျင်းပပြုလုပ်တာဖြစ်ပါတယ်။

အမရာရွှန်းလဲ့အနေနဲ့ ရက်ပေါင်း ၂၀ ဝန်းကျင် ယှဥ်ပြိုင်သွားရမှာဖြစ်ပြီး နိုင်ငံပေါင်း ၅၀ကျော်ကအလှမယ်တွေ ဝင်ရောက်ယှဥ်ပြိုင်နေကြပါတယ်။

သူမကတော့ နိုဝင်ဘာလ ၂၁ရက်နေ့က ရေကူးဝတ်စုံဖြင့်ယှဥ်ပြိုင်မှု၊ နိဝင်ဘာလ ၃၀ရက်နေ့မှာတော့ အမျိုးသားဝတ်စုံဖြင့်ယှဥ်ပြိုင်မှု စတဲ့အဆင့်ပေါင်းများစွာကို ယှဥ်ပြိုင်သွားရမှာဖြစ်ပြီး နောက်ဆုံး Final ပွဲကြီးကိုတော့ ဒီဇင်ဘာလ ၄ရက်နေ့မှာ ကျင်းပသွားမယ်လို့သိရပါတယ်။

ယခင်နှစ် Miss Grand International 2020 ပြိုင်ပွဲကြီးမှာတော့ အမေရိကန်အလှမယ် Abena Appiah က အနိုင်ရရှိထားပါတယ်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here