နှစ်နှစ်နီးပါးရပ်ဆိုင်းထားရသည့် ITPEC စာမေးပွဲများ ပြန်လည် စစ်ဆေးနိုင်ရန်စီစဉ်

0
104

(Unicode)

နှစ်နှစ်နီးပါးရပ်ဆိုင်းထားရသည့် ITPEC စာမေးပွဲများ ပြန်လည် စစ်ဆေးနိုင်ရန်စီစဉ်

Japan ITPEC စာမေးပွဲ များကို မြန်မာနိုင်ငံတွင် ပြန်လည်စစ်ဆေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ထားကြောင်း MCPA အတွင်းရေးမှုး ဦးဇော်ဝင်းထွန်းက အသိပေးပြောကြားလာကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းစာမေးပွဲကော်မတီ ဥက္ကဌ၏ ပြောကြားချက်ကိုကိုးကားပြီး Myanmar ITPEC ကဖော်ပြသည်။

(၈)နိုင်ငံအသိအမှတ်ပြု ယင်းစာမေးပွဲကို ပြီးခဲ့သည့် ၂၀၂၀ ဧပြီလအတွင်းက တစ်ကြိမ်၊၂၀၂၀အောက်တိုဘာလကတစ်ကြိမ် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားခဲ့ရသည်။

စာမေးပွဲပြန်လည်ကျင်းပနိုင်မည့် ရက်ကိုမူ Myanmar ITPEC ကမကြေညာသေးပေ။

MCF ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသည် ဂျပန် ITPEC အဖွဲ့ဝင်အဖြစ် တနှစ်လျှင် နှစ်ကြိမ် စာမေးပွဲများ စစ်ဆေးပေးခဲ့ပြီး၊ ဂျပန်အပါအဝင်နိုင်ငံများ တွင် အခွင့်အလမ်းများသည့် ITPEC စာမေးပွဲများကို လွန်ခဲ့သော နှစ်များတွင် မြန်မာကျောင်းသားများ ဖြေဆိုမှုမှာ ထောင်ချီ ရှိခဲ့ပြီး၊ အောင်မြင်မှု ရာခိုင်နှုန်း မှာလည်း တိုးတက်မှုရှိခဲ့သည်။

ယခုကဲ့သို့ ပြန်လည် စစ်ဆေးနိုင်ခြင်းသည် ကျောင်းသား ကျောင်းသူများ အတွက်ရော ကျွမ်းကျင် ပညာရှင်အဖြစ် အလုပ်ခွင်ဝင်လိုသူများအတွက်ပါ အခွင့်အရေး တစ်ခု အဖြစ် အကျိုးဖြစ်ထွန်းစေသည်ဟု Myanmar ITPEC ကဖော်ပြသည်။

ရန်ကုန်မြို့ အပါအဝင် ကွန်ပျူတာပညာရှင်အသင်း ခွဲများ တည်ရှိရာ ပြည်နယ်၊ တိုင်းဒေသကြီးများတွင်ပါ တပြိုင်နက်တည်း စစ်ဆေးသော စာမေးပွဲ ကို ဖြေဆိုသူများ နှစ်စဉ်တိုးပွားလာလျက်ရှိကြောင်းသိရသည်။

(Zawgyi)

ႏွစ္ႏွစ္နီးပါးရပ္ဆိုင္းထားရသည့္ ITPEC စာေမးပြဲမ်ား ျပန္လည္ စစ္ေဆးႏိုင္ရန္စီစဥ္

Japan ITPEC စာေမးပြဲ မ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္စစ္ေဆးႏိုင္ရန္ ညႇိႏႈိင္းေဆာင္႐ြက္ထားေၾကာင္း MCPA အတြင္းေရးမႈး ဦးေဇာ္ဝင္းထြန္းက အသိေပးေျပာၾကားလာေၾကာင္း ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းစာေမးပြဲေကာ္မတီ ဥကၠဌ၏ ေျပာၾကားခ်က္ကိုကိုးကားၿပီး Myanmar ITPEC ကေဖာ္ျပသည္။

(၈)ႏိုင္ငံအသိအမွတ္ျပဳ ယင္းစာေမးပြဲကို ၿပီးခဲ့သည့္ ၂၀၂၀ ဧၿပီလအတြင္းက တစ္ႀကိမ္၊၂၀၂၀ေအာက္တိုဘာလကတစ္ႀကိမ္ က်င္းပရန္စီစဥ္ခဲ့ေသာ္လည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေ႐ႊ႕ဆိုင္းထားခဲ့ရသည္။

စာေမးပြဲျပန္လည္က်င္းပႏိုင္မည့္ ရက္ကိုမူ Myanmar ITPEC ကမေၾကညာေသးေပ။

MCF ၏ လမ္းၫႊန္မႈျဖင့္ ျမန္မာႏိုင္ငံသည္ ဂ်ပန္ ITPEC အဖြဲ႕ဝင္အျဖစ္ တႏွစ္လွ်င္ ႏွစ္ႀကိမ္ စာေမးပြဲမ်ား စစ္ေဆးေပးခဲ့ၿပီး၊ ဂ်ပန္အပါအဝင္ႏိုင္ငံမ်ား တြင္ အခြင့္အလမ္းမ်ားသည့္ ITPEC စာေမးပြဲမ်ားကို လြန္ခဲ့ေသာ ႏွစ္မ်ားတြင္ ျမန္မာေက်ာင္းသားမ်ား ေျဖဆိုမႈမွာ ေထာင္ခ်ီ ရွိခဲ့ၿပီး၊ ေအာင္ျမင္မႈ ရာခိုင္ႏႈန္း မွာလည္း တိုးတက္မႈရွိခဲ့သည္။

ယခုကဲ့သို႔ ျပန္လည္ စစ္ေဆးႏိုင္ျခင္းသည္ ေက်ာင္းသား ေက်ာင္းသူမ်ား အတြက္ေရာ ကြၽမ္းက်င္ ပညာရွင္အျဖစ္ အလုပ္ခြင္ဝင္လိုသူမ်ားအတြက္ပါ အခြင့္အေရး တစ္ခု အျဖစ္ အက်ိဳးျဖစ္ထြန္းေစသည္ဟု Myanmar ITPEC ကေဖာ္ျပသည္။

ရန္ကုန္ၿမိဳ႕ အပါအဝင္ ကြန္ပ်ဴတာပညာရွင္အသင္း ခြဲမ်ား တည္ရွိရာ ျပည္နယ္၊ တိုင္းေဒသႀကီးမ်ားတြင္ပါ တၿပိဳင္နက္တည္း စစ္ေဆးေသာ စာေမးပြဲ ကို ေျဖဆိုသူမ်ား ႏွစ္စဥ္တိုးပြားလာလ်က္ရွိေၾကာင္းသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here