Myanmar Beer ထုတ်လုပ်သည့် မြန်မာဘရူဝါရီကုမ္ပဏီကို မြန်မာ့စီးပွားရေးဦးပိုင် ဖျက်သိမ်းမည်

0
198

(Unicode)

Myanmar Beer ထုတ်လုပ်သည့် မြန်မာဘရူဝါရီကုမ္ပဏီကို မြန်မာ့စီးပွားရေးဦးပိုင် ဖျက်သိမ်းမည်

Myanmar Beer၊Myanmar Premium ၊Andaman Gold စသည်တို့ကို ထုတ်လုပ်နေပြီး မြန်မာဘီယာဈေးကွက်ဝေစုကို နှစ်ပေါင်းများစွာအခိုင်အမာရရှိထားသည့် မြန်မာဘရူဝါရီကုမ္ပဏီကို မြန်မာ့စီးပွားရေးဦးပိုင်က ဖျက်သိမ်းဖို့ အတွက် တရားရုံးသို့ လျှောက်ထားလိုက်ပြီဖြစ်သည်။

မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီက မြန်မာဘရူဝါရီကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းရန် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၉၈(စ) အရ လျှောက်ထားခဲ့ပြီး လျှောက်ထားချက်ကို ၂၀၂၁ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးကြားနာမည်ဖြစ်သည်။

ကန့်ကွက်လိုသူများအနေဖြင့် ကြားနာစစ်ဆေးမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် လာရောက်ကန့်ကွက်နိုင်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကုမ္ပဏီ၏ ရှေ့နေဖြစ်သူက ကြေညာထားသည်။

မြန်မာဘရူဝါရီ ကုမ္ပဏီသည် မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး ြဦးပိုင်က အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ၊ ဂျပန်အဖျော်ယမကာလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Kirin က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ယင်းအပြင် ဖေဖော်ဝါရီနောက်ပိုင်း အမြတ်ငွေထိုးဆင်းမှုနှင့် ကြုံနေရသော ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

(Zawgyi)

Myanmar Beer ထုတ္လုပ္သည့္ ျမန္မာဘ႐ူဝါရီကုမၸဏီကို ျမန္မာ့စီးပြားေရးဦးပိုင္ ဖ်က္သိမ္းမည္

Myanmar Beer၊Myanmar Premium ၊Andaman Gold စသည္တို႔ကို ထုတ္လုပ္ေနၿပီး ျမန္မာဘီယာေဈးကြက္ေဝစုကို ႏွစ္ေပါင္းမ်ားစြာအခိုင္အမာရရွိထားသည့္ ျမန္မာဘ႐ူဝါရီကုမၸဏီကို ျမန္မာ့စီးပြားေရးဦးပိုင္က ဖ်က္သိမ္းဖို႔ အတြက္ တရား႐ုံးသို႔ ေလွ်ာက္ထားလိုက္ၿပီျဖစ္သည္။

ျမန္မာ့စီးပြားေရးဦးပိုင္အမ်ားပိုင္ကုမၸဏီက ျမန္မာဘ႐ူဝါရီကုမၸဏီကို စာရင္းရွင္းလင္းဖ်က္သိမ္းရန္ ႏိုဝင္ဘာလ ၁၉ ရက္ေန႔က ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးသို႔ ျမန္မာႏိုင္ငံကုမၸဏီမ်ားအက္ဥပေဒပုဒ္မ ၂၉၈(စ) အရ ေလွ်ာက္ထားခဲ့ၿပီး ေလွ်ာက္ထားခ်က္ကို ၂၀၂၁ ဒီဇင္ဘာလ ၁၀ ရက္ေန႔ နံနက္ ၁၀ နာရီတြင္ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက စစ္ေဆးၾကားနာမည္ျဖစ္သည္။

ကန႔္ကြက္လိုသူမ်ားအေနျဖင့္ ၾကားနာစစ္ေဆးမည့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ နံနက္ ၁၀ နာရီတြင္ လာေရာက္ကန႔္ကြက္ႏိုင္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာတြင္ ကုမၸဏီ၏ ေရွ႕ေနျဖစ္သူက ေၾကညာထားသည္။

ျမန္မာဘ႐ူဝါရီ ကုမၸဏီသည္ ျမန္မာ့စီးပြားေရးဦးပိုင္အမ်ားပိုင္ကုမၸဏီလက္ေအာက္ခံ ကုမၸဏီတစ္ခုျဖစ္ၿပီး ျဦးပိုင္က အစုရွယ္ယာ ၄၉ ရာခိုင္ႏႈန္း ၊ ဂ်ပန္အေဖ်ာ္ယမကာလုပ္ငန္းႀကီးတစ္ခုျဖစ္သည့္ Kirin က အစုရွယ္ယာ ၅၁ ရာခိုင္ႏႈန္းပိုင္ဆိုင္သည့္ ကုမၸဏီတစ္ခုျဖစ္သည္။

ယင္းအျပင္ ေဖေဖာ္ဝါရီေနာက္ပိုင္း အျမတ္ေငြထိုးဆင္းမႈႏွင့္ ႀကဳံေနရေသာ ကုမၸဏီတစ္ခုလည္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here