ကိုယ်တက်မြောက်တဲ့ပညာလေးနဲ့ ကိုယ်ပိုင်စီးပွားရေးကိုလုပ်ကြပါဆိုတဲ့ ကိုကျော်ကြီး(၃၆လမ်းထမင်းပေါင်း)
0
1330
(Unicode)
ကိုယ်တက်မြောက်တဲ့ပညာလေးနဲ့ ကိုယ်ပိုင်စီးပွားရေးကိုလုပ်ကြပါဆိုတဲ့ ကိုကျော်ကြီး(၃၆လမ်းထမင်းပေါင်း)
၃၆လမ်း၊အလယ်ဘလောက်က ကိုကျော်ကြီးထမင်းပေါင်းဆိုင်မှာ တနေ့တနေ့ထမင်းပေါင်းလာစားတဲ့သူက အယောက်၃၀၀နီးပါးထိရှိအောင် ရောင်းကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။ကိုကျော်ကြီး ထမင်းပေါင်းဆိုင်လေးကိုဖွင့်လာတာ ၁၀စုနှစ်တစ်စုထိ ရှိခဲ့ပြီး ဒီအလုပ်ကို ကြိုးစားပြီးလုပ်ကိုင်နေတဲ့အတွက်အခုဆို ပိုင်ဆိုင်မှုအနေနဲ့ မြေကွက်(၇)ကွက်ကိုပိုင်ဆိုင်နေပြီဖြစ်တယ်လို့ အခုလိုပဲပြောပြခဲ့ပါတယ်။
” ကျွန်တော် ဒီအလုပ်ကို လုပ်တာကျွန်တော့်ရဲ့မျိုးရိုးစဉ်ဆက်မိသားစုရဲ့ စီးပွါးရေးတခုဖြစ်တာကြောင့်ဒီအလုပ်ကိုလုပ်ခဲ့တယ်။ဒီအလုပ်စလုပ်တဲ့အချိန်မှာလည်း ကိုယ်ကစစချင်းလုပ်တဲ့အချိန်မှာ ဒီအလုပ်ကိုသိပ်စိတ်မဝင်စားတဲ့အတွက် ခနခနအရင်းပြုတ်တယ်။ခနခနပြန်ထူထောင်ရတယ်။ကားဆွဲပီးရတဲ့ငွေတွေနဲ့ ဈေးပြန်ရောင်းတယ်။ထပ်ပြုတ်တယ်။၄/၅ခါလောက်တော့တော်တော် ကြိုးစားခဲ့တယ်။နောက်ဆုံးမှာတော့ အကုန်အဆင်ပြေသွားခဲ့တယ်။အခုဆိုတနေ့တနေ့လာစားတဲ့သူတွေ ၃၀၀လောက်တော့အနည်းဆုံးရှိပါတယ်။အခုတော့ကျွန်တော့စီးပွားရေးလေးနဲ့အရမ်းအဆင်ပြေနေပါပီ။ကိုယ်ပိုင်စီးပွားရေးလေးလုပ်ပြီး စုဆောင်းထားတာ အခုဆိုမြေကွက်(၇)ကွက်လောက်ပိုင်ဆိုင်ထားပြီ။ကျွန်တော်ပြောချင်တာက အကုန်လုံးကိုယ်ပိုင်စီးပွားရေးလေးရအောင်လုပ်ပြီး အလုပ်ကို ​ကြိုးစားကြပါ”လို့ပြောပါတယ်။
(Zawgyi)
LEAVE A REPLY
Please enter your comment!
Please enter your name here