နိုင်ငံတကာခရီးသွားလုပ်ငန်းတွေကို ဒီဇင်ဘာလ (သို့)ဇန်နဝါရီလလောက်မှာ ပြန်ဖွင့်နိုင်ဖို့ဆောင် ရွက်နေ

0
131

(Unicode)

နိုင်ငံတကာခရီးသွားလုပ်ငန်းတွေကို ဒီဇင်ဘာလ (သို့)ဇန်နဝါရီလလောက်မှာ ပြန်ဖွင့်နိုင်ဖို့ဆောင် ရွက်နေ

ပြည်တွင်းခရီးသွားလုပ်ငန်းတွေကိုပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးခဲ့တာကြောင့် ပို့ဆောင်ရေးလုပ် ငန်း၊တည်းခိုရေးလုပ်ငန်း၊စားသောက်ရေးလုပ် ငန်းတွေနဲ့ပစ္စည်းရောင်းဝယ်မှုလုပ်ငန်းတွေ အ ထိုက်အလျောက် ပြန်လည်လည်ပတ်လာပြီဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက နိုဝင်ဘာ ၉ ရက်က နေ ပြည်တော်မှာ လုပ်တဲ့အစည်းအဝေးမှာပြောပါတယ်။

ခရီးသွားလုပ်ငန်းတွေနဲ့ ကိုဗစ်(၁၉)ရောဂါထိန်း ချုပ်မှုအခြေအနေတွေပေါ်မူတည်ပြီး နိုင်ငံတကာခရီးသွားလုပ်ငန်းတွေကိုလည်း ဒီဇင်ဘာလ(သို့) ဇန်နဝါရီလလောက်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာမှာလည်း ခရီး သွားလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်နေတာကြောင့် ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့သူတွေအနေနဲ့ နယ်မြေအလိုက် မြို့ဝင်မြို့ထွက်တွေအလိုက် ကိုဗစ်စည်းကမ်းနဲ့အညီ ကျန်းမာရေးစစ်ဆေးတာတွေလုပ်ဖို့လိုပါတယ်။

ဒါ့အပြင် နစက ဥက္ကဋ္ဌက မြန်မာနိုင်ငံဟာ အာစီယံရဲ့ခရီးသွားစင်္ကြန်မှာပါဝင်တာကြောင့် ပြည်ပခရီး သွားလုပ်ငန်းတွေကို ဆက်လက်ဖော်ဆောင်သွားမယ် လို့ပြောကြားခဲ့ပါတယ်။

အလားတူပဲ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် နိုင်ငံတော်ရဲ့စီးပွားရေးအတွက်အ ထောက်အကူပြု့နိုင်တဲ့ စီမံကိန်းတွေကိုဆောင် ရွက်နေပြီး အောင်မြင်အောင်အကောင်အထည် ဖော်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here