ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်တစ်ခါသုံးအပ်များပြတ်လပ်မှု လာမည့်နှစ်တွင်ဖြစ်နိုင်ခြေရှိဟု WHO သတိပေး

0
94

(Unicode)

ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်တစ်ခါသုံးအပ်များပြတ်လပ်မှု လာမည့်နှစ်တွင်ဖြစ်နိုင်ခြေရှိဟု WHO သတိပေး

၂၀၂၂ခုနှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် တစ်ခါသုံးဆေးထိုးအပ်လိုအပ်မှုဟာ ၁ဘီလီယံမှ ၂ဘီလီယံအထိရှိနေပြီး ၎င်းလိုအပ်ချက်ဟာ ဆေးထိုးအပ်ပြတ်လပ်မှုပြဿနာဖြစ်လာနိုင်တယ်လို့ WHO က နိုဝင်ဘာလ ၉ရက်နေ့မှာ သတိပေးချက်တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။

WHO မှပြောရေးဆိုခွင့်ရှိသူ Lisa Hedman က“ဆေးထိုးအပ်တွေသာ ရှားပါးပြတ်လပ်ခဲ့မယ်ဆိုရင် ဒါဟာကြီးမားတဲ့ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်၊ ကာကွယ်ဆေးတွေကြောင့်ကိုယ်ခံအားတတ်လာတဲ့ အခြေအနေတွေကနေလည်း လျော့ကျလာနိုင်ပါတယ်၊ ကလေးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ပိုအရေးပါပါတယ်၊ ဆင်းရဲတဲ့နိုင်ငံတွေမှာဆို တစ်ခါသုံးအပ်တွေကို ထပ်သုံးတာမျိုးတွေပါဖြစ်လာနိုင်ပါတယ်” လို့သူမက ကုလသမ္မကအစည်းအဝေးတစ်ခုမှာ ပြောဆိုခဲ့တာပါ။

တစ်ကမ္ဘာလုံးမှာ လာမည့်နှစ်အတွက် ကာကွယ်ဆေးလိုအပ်ချက်က ၆.၈ဘီလီယံဖြစ်ပြီး တစ်ခါသုံးအပ်ထုတ်လုပ်နိုင်မှုက တစ်နှစ်ကို ၆ဘီလီယံသာရှိတာဖြစ်တဲ့အတွက် ဒါဟာလာမည့်နှစ် မှာ တစ်ခါသုံးအပ်ပြတ်လပ်မှုဖြစ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။

Source – CNA

(Zawgyi)





Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here