၂၀၂၀ ပြည့်နှစ် စာ​ပေဆုများ​ ​ကြေညာ

0
491

(Unicode)

၂၀၂၀ ပြည့်နှစ် စာ​ပေဆုများ​ ​ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန၊အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၀ပြည့်နှစ်အတွက် အမျိုးသားစာပေတသက်တာဆုနှင့် အမျိုးသားစာပေဆုတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၂၀ပြည့်နှစ်အတွက် အမျိုးသားစာပေတသက်တာဆုကို စာပေပညာရှင်ဆရာကြီး ဦးမောင်မောင်လတ်(နောင်)၊စာပေပညာရှင်ဆရာ ကြီး ဦးစိန်လှိုင်(သူရဇော်)နှင့် စာရေးဆရာမကြီး ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ကို ရွေးချယ်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာ့စာပေအကျိုးကို ထူးချွန်ပြောင်မြောက် စွာ တသက်တာလုံးအားထုတ်ရေးသား ပြုစုခဲ့တဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော်က အသိ အမှတ်ပြုတဲ့အနေနဲ့ ခုလိုရွေးချယ်ချီးမြှင့်တာ ဖြစ်ပြီး အမျိုးသားစာပေတသက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

၂၀၂၀ခုနှစ်အတွက် အမျိုးသားစာပေဆုထဲမှ

-ဝတ္ထုရှည်ဆုကို ပျောက်ဆုံးသွားသောနှင်းစက် များ(သို့)နှင်းစက်ပုံပြင်စာအုပ်နှင့် မခြူးပွင့် မှလည်းကောင်း၊

-ကဗျာ(ဂန္တဝင်)ဆုကို မြင့်မိုရ်စိတ်ကူးကဗျာများစာအုပ်ဖြင့် ချစ်စုအောင်မှလည်းကောင်း၊

-ကဗျာ(ခေတ်ပေါ်)ဆုကို ဒီနေ့ပန်းတွေပွင့်တယ် စာအုပ်ဖြင့် အောင်ကောင်းမြစ်မှလည်းကောင်း၊

-မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဆုကို ရှေးဟောင်းယဉ်ကျေးမှုအစဉ်အလာ အမွေအနှစ် တက္ကသိုလ်ပညာသင်ကြားခဲ့ရာများစာအုပ်ဖြင့် နိုင်ဇော်မှ လည်းကောင်း၊

-ဘာသာပြန်(သုတ)ဆုကို ပစ်မှတ်စာအုပ်ဖြင့် ရဲမင်းဝင်းမှ လည်းကောင်း၊

-သုတပဒေသာ(ဝိဇ္ဇာ)ဆုကို စာပေပင်လယ်ထဲက ကဗျာလှိုင်းကလေး စာအုပ်ဖြင့် ဒေါက်တာအောင်မြင့်ဦးမှ လည်းကောင်း၊

-သုတပဒေသာ(အသုံးချသိပ္ပံ)ဆုကို ကလေးကျန်းမာဖွံ့ဖြိုးရေး၊နိုင်ငံတိုးတက်မှုနှင့် ခဲဆိပ်အန္တရာယ်စာအုပ်ဖြင့် ဒေါက်တာဦးလှကြည် (ကလေးကျန်းမာရေး)မှ လည်းကောင်း၊

-နိုင်ငံရေးစာပေဆုကို ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေး သဘောတရားအမြင်များစာအုပ်ဖြင့် မနွဲ့ရီ(မဟာဝိဇ္ဇာ)မှ လည်းကောင်း၊

-အင်္ဂလိပ်ဘာသာ(သုတ)ဆုကို Papers from my Shoulder Bag စာအုပ်ဖြင့် Sithu.Dr Thaw Kaung မှလည်းကောင်း၊

-အင်္ဂလိပ်ဘာသာ(ရသ)ဆုကို A Motley Collection of My Works စာအုပ်ဖြင့် Aye Phyu မှလည်းကောင်း၊

-ရသစာတမ်း(အက်ဆေး)စာပေဆုကို မြို့ကလေးရဲ့အော်ပရာအက်ဆေးများ စာအုပ်ဖြင့် နိုင်ဝင်းသီမှ လည်းကောင်း အသီးသီးရရှိခဲ့ပါတယ်။

ဒီနှစ်မှာ ရဟန်းစာဆိုတဦးလည်း အမျိုးသားစာ​ပေဆုရရှိခဲ့ပါတယ်။

ဆရာတော်ပညာနန္ဒ(မြသန်းစံ)ဟာ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ ဘဝခရီးနှင့်ဓမ္မဆီမီးစာအုပ်ဖြင့် စာပဒေသာဆုကို ရရှိခဲ့တာပါ။

ဆရာတော်ဟာ သာသနာ့ဘောင်ထဲ ၅ဝါရရှိနေပြီဖြစ်ပြီး ၄င်းစာအုပ်အတွက် ပါချုပ်ဆရာတော်ကြီးထံမှာ ၉လတာသီတင်းသုံးရင်း မေးမြန်းလျှောက်ထားပူဇော်ရေးသားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ပြည့်နှစ် အမျိုးသားစာပေဆုအတွက် တဆုကို ငွေကျပ်သိန်း ၃၀နှုန်းချီးမြှင့်သွားမယ်လို့လည်း အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီမှ သိရပါတယ်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီဟာ ၂၀၂၀ပြည့်နှစ်အတွင်းမှာ ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှ စိစစ်ရွေးချယ် ကာ ချီးမြှင့်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

၂၀၂၀ ျပည့္ႏွစ္ စာ​ေပဆုမ်ား​ ​ေၾကညာ

ျပန္ၾကားေရးဝန္ႀကီးဌာန၊အမ်ိဳးသားစာေပဆု စိစစ္ေ႐ြးခ်ယ္ေရးေကာ္မတီက ၂၀၂၀ျပည့္ႏွစ္အတြက္ အမ်ိဳးသားစာေပတသက္တာဆုႏွင့္
အမ်ိဳးသားစာေပဆုေတြကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

၂၀၂၀ျပည့္ႏွစ္အတြက္ အမ်ိဳးသားစာေပတသက္တာဆုကို စာေပပညာရွင္ဆရာႀကီး ဦးေမာင္ေမာင္လတ္(ေနာင္)၊စာေပပညာရွင္ဆရာ ႀကီး ဦးစိန္လႈိင္(သူရေဇာ္)ႏွင့္ စာေရးဆရာမႀကီး ေဒၚခ်ိဳခ်ိဳတင္(မစႏၵာ)တို႔ကို ေ႐ြးခ်ယ္ေပးအပ္ခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာ့စာေပအက်ိဳးကို ထူးခြၽန္ေျပာင္ေျမာက္ စြာ တသက္တာလုံးအားထုတ္ေရးသား ျပဳစုခဲ့တဲ့ ေဆာင္႐ြက္ခ်က္ေတြကို ႏိုင္ငံေတာ္က အသိ အမွတ္ျပဳတဲ့အေနနဲ႔ ခုလိုေ႐ြးခ်ယ္ခ်ီးျမႇင့္တာ ျဖစ္ၿပီး အမ်ိဳးသားစာေပတသက္တာဆုကို တစ္ဦးလွ်င္ ေငြက်ပ္သိန္း ၁၀၀ ခ်ီးျမႇင့္သြားမွာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

၂၀၂၀ခုႏွစ္အတြက္ အမ်ိဳးသားစာေပဆုထဲမွ

-ဝတၳဳရွည္ဆုကို ေပ်ာက္ဆုံးသြားေသာႏွင္းစက္ မ်ား(သို႔)ႏွင္းစက္ပုံျပင္စာအုပ္ႏွင့္ မျခဴးပြင့္ မွလည္းေကာင္း၊

-ကဗ်ာ(ဂႏၲဝင္)ဆုကို ျမင့္မိုရ္စိတ္ကူးကဗ်ာမ်ားစာအုပ္ျဖင့္ ခ်စ္စုေအာင္မွလည္းေကာင္း၊

-ကဗ်ာ(ေခတ္ေပၚ)ဆုကို ဒီေန႔ပန္းေတြပြင့္တယ္ စာအုပ္ျဖင့္ ေအာင္ေကာင္းျမစ္မွလည္းေကာင္း၊

-ျမန္မာ့ယဥ္ေက်းမႈႏွင့္အႏုပညာဆိုင္ရာဆုကို ေရွးေဟာင္းယဥ္ေက်းမႈအစဥ္အလာ အေမြအႏွစ္ တကၠသိုလ္ပညာသင္ၾကားခဲ့ရာမ်ားစာအုပ္ျဖင့္ ႏိုင္ေဇာ္မွ လည္းေကာင္း၊

-ဘာသာျပန္(သုတ)ဆုကို ပစ္မွတ္စာအုပ္ျဖင့္ ရဲမင္းဝင္းမွ လည္းေကာင္း၊

-သုတပေဒသာ(ဝိဇၨာ)ဆုကို စာေပပင္လယ္ထဲက ကဗ်ာလႈိင္းကေလး စာအုပ္ျဖင့္ ေဒါက္တာေအာင္ျမင့္ဦးမွ လည္းေကာင္း၊

-သုတပေဒသာ(အသုံးခ်သိပၸံ)ဆုကို ကေလးက်န္းမာဖြံ႕ၿဖိဳးေရး၊ႏိုင္ငံတိုးတက္မႈႏွင့္ ခဲဆိပ္အႏၲရာယ္စာအုပ္ျဖင့္ ေဒါက္တာဦးလွၾကည္ (ကေလးက်န္းမာေရး)မွ လည္းေကာင္း၊

-ႏိုင္ငံေရးစာေပဆုကို ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ႏိုင္ငံေရး သေဘာတရားအျမင္မ်ားစာအုပ္ျဖင့္ မႏြဲ႕ရီ(မဟာဝိဇၨာ)မွ လည္းေကာင္း၊

-အဂၤလိပ္ဘာသာ(သုတ)ဆုကို Papers from my Shoulder Bag စာအုပ္ျဖင့္ Sithu.Dr Thaw Kaung မွလည္းေကာင္း၊

-အဂၤလိပ္ဘာသာ(ရသ)ဆုကို A Motley Collection of My Works စာအုပ္ျဖင့္ Aye Phyu မွလည္းေကာင္း၊

-ရသစာတမ္း(အက္ေဆး)စာေပဆုကို ၿမိဳ႕ကေလးရဲ႕ေအာ္ပရာအက္ေဆးမ်ား စာအုပ္ျဖင့္ ႏိုင္ဝင္းသီမွ လည္းေကာင္း အသီးသီးရရွိခဲ့ပါတယ္။

ဒီႏွစ္မွာ ရဟန္းစာဆိုတဦးလည္း အမ်ိဳးသားစာ​ေပဆုရရွိခဲ့ပါတယ္။

ဆရာေတာ္ပညာနႏၵ(ျမသန္းစံ)ဟာ ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ ၏ ဘဝခရီးႏွင့္ဓမၼဆီမီးစာအုပ္ျဖင့္ စာပေဒသာဆုကို ရရွိခဲ့တာပါ။

ဆရာေတာ္ဟာ သာသနာ့ေဘာင္ထဲ ၅ဝါရရွိေနၿပီျဖစ္ၿပီး ၄င္းစာအုပ္အတြက္ ပါခ်ဳပ္ဆရာေတာ္ႀကီးထံမွာ ၉လတာသီတင္းသုံးရင္း ေမးျမန္းေလွ်ာက္ထားပူေဇာ္ေရးသားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

၂၀၂၀ျပည့္ႏွစ္ အမ်ိဳးသားစာေပဆုအတြက္ တဆုကို ေငြက်ပ္သိန္း ၃၀ႏႈန္းခ်ီးျမႇင့္သြားမယ္လို႔လည္း အမ်ိဳးသားစာေပဆု စိစစ္ေ႐ြးခ်ယ္ေရးေကာ္မတီမွ သိရပါတယ္။

အမ်ိဳးသားစာေပဆု စိစစ္ေ႐ြးခ်ယ္ေရးေကာ္မတီဟာ ၂၀၂၀ျပည့္ႏွစ္အတြင္းမွာ ပထမအႀကိမ္ ထုတ္ေဝခဲ့တဲ့ စာအုပ္ေတြထဲမွ စိစစ္ေ႐ြးခ်ယ္ ကာ ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here