နိုဝင်ဘာလအတွင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများအတွက် ကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးမည်

0
2056

(Unicode)

နိုဝင်ဘာလအတွင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများအတွက် ကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးမည်

နိုဝင်ဘာလ ၃ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်အနုပညာရှင်များကို ကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးမှာဖြစ်ပြီး အလွှာစုံမှရုပ်ရှင်လောကသားများထိုးနှံနိုင်သည်ဟုသိရပါသည်။

ပထမအကြိမ်ကို အ.မ.က(၃) ဗဟန်းတွင်ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ယခုဒုတိယအကြိမ်ကိုတော့ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်၊ မင်္ဂလာဈေးဓမ္မာရုံတွင် ထိုးနှံပေးသွားမည်ဟုသိရသည်။

လာရောက်ထိုးနှံသူများအနေဖြင့် အစည်းအရုံးအသင်းဝင်ထားရန်လိုအပ်ပြီး နိုဝင်ဘာလ ၃ရက်နေ့တွင် မနက် ၉နာရီမှ ညနေ ၃နာရီအထိထိုးနှံပေးသွားမည်ဖြစ်သည်။

(Zawgyi)

ႏိုဝင္ဘာလအတြင္းျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ႐ုပ္ရွင္ေလာကသားမ်ားအတြက္ ကိုဗစ္ကာကြယ္ေဆးဒုတိယအႀကိမ္ထိုးႏွံေပးမည္

ႏိုဝင္ဘာလ ၃ရက္ေန႔တြင္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ ႐ုပ္ရွင္အႏုပညာရွင္မ်ားကို ကိုဗစ္ကာကြယ္ေဆးဒုတိယအႀကိမ္ထိုးႏွံေပးမွာျဖစ္ၿပီး အလႊာစုံမွ႐ုပ္ရွင္ေလာကသားမ်ားထိုးႏွံႏိုင္သည္ဟုသိရပါသည္။

ပထမအႀကိမ္ကို အ.မ.က(၃) ဗဟန္းတြင္ထိုးႏွံေပးခဲ့ျခင္းျဖစ္ၿပီး ယခုဒုတိယအႀကိမ္ကိုေတာ့ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊတိဂုံဘုရားအေရွ႕ဘက္မုခ္၊ မဂၤလာေဈးဓမၼာ႐ုံတြင္ ထိုးႏွံေပးသြားမည္ဟုသိရသည္။

လာေရာက္ထိုးႏွံသူမ်ားအေနျဖင့္ အစည္းအ႐ုံးအသင္းဝင္ထားရန္လိုအပ္ၿပီး ႏိုဝင္ဘာလ ၃ရက္ေန႔တြင္ မနက္ ၉နာရီမွ ညေန ၃နာရီအထိထိုးႏွံေပးသြားမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here