ရန်ကုန်မှ မြို့နယ်ကိုးခုတွင် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့၌ ရေအားလျော့နည်းပြတ်တောက်မည်

0
171

(Unicode)

ရန်ကုန်မှ မြို့နယ်ကိုးခုတွင် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့၌ ရေအားလျော့နည်းပြတ်တောက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကိုးခုတွင် နိုဝင်ဘာ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့၌ ရေအားလျော့နည်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ကကြေညာသည်၊၊

ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)မှ ဒုတိယအဆင့်ရေတွန်းစက်ရုံဝင်းအတွင်းရှိ 64″ ø MS Pipe နှင့် 1600 mm ø HDPE Pipe အဆက်နေရာ ရေစိမ့်ထွက်မှုအား ယင်းနေ့များ၌ပြုပြင်ဆောင် ရွက်သွားမည်ဖြစ်သည်။

ရေအားလျော့နည်းပြတ်တောက်မည့် မြို့နယ်များမှာ မြောက်ဥက္ကလာပ၊ရွှေပေါက္ကံ၊တောင်ဥက္ကလာပ၊သင်္ဃန်းကျွန်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ဒေါပုံ၊တာမွေ(မေတ္တာညွန့်ရပ်ကွက်)နှင့်မင်္ဂလာဒုံ တို့ဖြစ်သည်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here