မြန်မာနိုင်ငံသို့ စင်ကာပူလေကြောင်းလိုင်းက ပြန်လည်ပြေးဆွဲမည်

0
312

(Unicode)

မြန်မာနိုင်ငံသို့ စင်ကာပူလေကြောင်းလိုင်းက ပြန်လည်ပြေးဆွဲမည်

စင်ကာပူနိုင်ငံအခြေစိုက် စင်ကာပူလေကြောင်းလိုင်းက မြန်မာနိုင်ငံသို့ အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့်သောကြာနေ့တိုင်း တစ်ပတ်လျှင် နှစ်ကြိမ် လေယာဥ်ခရီးစဥ်အား ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ထိုသို့ ပြန်လည်ပြေးဆွဲရာတွင် မြန်မာနိုင်ငံ၊အိန္ဒိယနိုင်ငံ၊ဘင်္ဂလားဒေရှ့်နိုင်ငံ၊နီပေါနိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊သီရိလင်္ကာနိုင်ငံ၊မလေးရှားနိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံတို့မှ ခရီးသွားများကို စင်ကာပူနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့်လေယာဥ်ခရီးစဥ် တဆင့်ပြန်လည်စီးနင်းခွင့်များကိုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်း လေယာဥ်ခရီးစဥ်၌လိုက်ပါမည့်သူများအနေဖြင့် စင်ကာပူနိုင်ငံသို့မထွက်ခွာမီ ၄၈ နာရီအတွင်းစစ်ဆေးထားသည့် ကိုဗစ်(၁၉)ရောဂါကင်းရှင်းကြောင်း Test Result နှင့် Entry Approval လိုအပ်မည်ဖြစ်သည်။

စင်ကာပူနိုင်ငံသည် ကိုဗစ်(၁၉)ရောဂါကြောင့် ပြည်ပခရီးသွားများဝင်ရောက်ခွင့်နှင့်တဆင့်ပြန်လည်စီးနင်းမှုများကိုပိတ်ပင်ခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

(Zawgyi)

ျမန္မာနိုင္ငံသို႔ စင္ကာပူေလေၾကာင္းလိုင္းက ျပန္လည္ေျပးဆြဲမည္

စင္ကာပူနိုင္ငံအေျခစိုက္ စင္ကာပူေလေၾကာင္းလိုင္းက ျမန္မာနိုင္ငံသို႔ အပတ္စဥ္ ဗုဒၶဟူးေန႔ႏွင့္ေသာၾကာေန႔တိုင္း တစ္ပတ္လၽွင္ ႏွစ္ႀကိမ္ ေလယာဥ္ခရီးစဥ္အား ျပန္လည္ေျပးဆြဲေပးသြားမည္ျဖစ္သည္။

ထိုသို႔ ျပန္လည္ေျပးဆြဲရာတြင္ ျမန္မာနိုင္ငံ၊အိႏၵိယနိုင္ငံ၊ဘဂၤလားေဒရွ့္နိုင္ငံ၊နီေပါနိုင္ငံ၊ပါကစၥတန္နိုင္ငံ၊သီရိလကၤာနိုင္ငံ၊မေလးရွားနိုင္ငံ၊အင္ဒိုနီးရွားနိုင္ငံတို႔မွ ခရီးသြားမ်ားကို စင္ကာပူနိုင္ငံအတြင္းဝင္ေရာက္ခြင့္ႏွင့္ေလယာဥ္ခရီးစဥ္ တဆင့္ျပန္လည္စီးနင္းခြင့္မ်ားကိုခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

ယင္း ေလယာဥ္ခရီးစဥ္၌လိုက္ပါမည့္သူမ်ားအေနျဖင့္ စင္ကာပူနိုင္ငံသို႔မထြက္ခြာမီ ၄၈ နာရီအတြင္းစစ္ေဆးထားသည့္ ကိုဗစ္(၁၉)ေရာဂါကင္းရွင္းေၾကာင္း Test Result ႏွင့္ Entry Approval လိုအပ္မည္ျဖစ္သည္။

စင္ကာပူနိုင္ငံသည္ ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ျပည္ပခရီးသြားမ်ားဝင္ေရာက္ခြင့္ႏွင့္တဆင့္ျပန္လည္စီးနင္းမွုမ်ားကိုပိတ္ပင္ခဲ့ရာမွ ျပန္လည္ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here