သရုပ်ဆောင်ခိုင်နှင်းဝေက တစ်နေ့ထဲ ဒုက္ခရောက်နေတဲ့ ကလေးနှစ်ယောက်ကို မွေးစားဖြစ်ခဲ့တယ်လို့သိရပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေက တစ်နေ့ထဲ ဒုက္ခရောက်နေတဲ့ ကလေးနှစ်ယောက်ကို မွေးစားဖြစ်ခဲ့တယ်လို့သိရပါတယ်။
October 27, 2021 Popular

(Unicode)

သရုပ်ဆောင်ခိုင်နှင်းဝေက တစ်နေ့ထဲ ဒုက္ခရောက်နေတဲ့ ကလေးနှစ်ယောက်ကို မွေးစားဖြစ်ခဲ့တယ်လို့သိရပါတယ်။

သားတစ်ယောက်၊သမီးတစ်ယောက် ဒုက္ခဖြစ်နေတာကြောင့် ခိုင်နှင်းဝေရင်သွေးလေးများဂေဟာမှာ မွေးစားဖြစ်ခဲ့တဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ တစ်နေ့ထဲ သားတစ်ယောက် သမီးတစ်ယောက် မွေးစားဖြစ်ပါတယ်ရှင်..ဒီ သမီးလေးကတော့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ လွန်ခဲ့တဲ့ (၆)လက မိခင်ဖြစ်သူ (အရပ်သား အသက်(၁၉) နှစ်မှ ) မွေးဖွားပြီး ထားပစ်ခဲ့ပါတယ်..ကလေးက (၁) ပေါင်ကျော်ပဲ ရှိတဲ့ အတွက် ဆေးရုံရှိ ဆရာဝန်များ ၊ ဆရာမ များမှ (၆)လ အထိ စောင့်ရှောက်ပေးထားတဲ့ သမီးလေးပါ..ကျန်းမာရေး စိတ်ချရတဲ့ အခြေအနေ ရောက်ပြီမို့ ဆက်လက် တာဝန်ယူ မွေးစားပေးပါရန် အကူအညီတောင်းခံလာတဲ့ အတွက် အမှန်တကယ် စွန့်ပစ်ခံ သမီးလေးမို့ ကျမတို့ ဂေဟာမှာ ခေါ်ယူ စောင့်ရှောက်ဖြစ်ပါတယ်….သမီးလေးကို ထိန်းပေးထားတဲ့ ဆရာမများ ငိုတဲ့အခါ စိတ်မကောင်းလဲ ဖြစ်ရပြီး သံယောဇဉ် ဆိုတဲ့ စိတ်လေးက်ိုလဲ ခံစားမိခဲ့ရပါတယ်ရှင်” လို့ရေးသားထားပါတယ်။

(Zawgyi)



“ တစ်နေ့ထဲ သားတစ်ယောက် သမီးတစ်ယောက် မွေးစားဖြစ်ပါတယ်ရှင်..ဒီ သမီးလေးကတော့ မင်္ဂလာဒုံ စစ်ဆေးရုံမှာ လွန်ခဲ့တဲ့ (၆)လက မိခင်ဖြစ်သူ (အရပ်သား အသက်(၁၉) နှစ်မှ ) မွေးဖွားပြီး ထားပစ်ခဲ့ပါတယ်..ကလေးက (၁) ပေါင်ကျော်ပဲ ရှိတဲ့ အတွက် ဆေးရုံရှိ ဆရာဝန်များ ၊ ဆရာမ များမှ (၆)လ အထိ စောင့်ရှောက်ပေးထားတဲ့ သမီးလေးပါ..ကျန်းမာရေး စိတ်ချရတဲ့ အခြေအနေ ရောက်ပြီမို့ ဆက်လက် တာဝန်ယူ မွေးစားပေးပါရန် အကူအညီတောင်းခံလာတဲ့ အတွက် အမှန်တကယ် စွန့်ပစ်ခံ သမီးလေးမို့ ကျမတို့ ဂေဟာမှာ ခေါ်ယူ စောင့်ရှောက်ဖြစ်ပါတယ်….သမီးလေးကို ထိန်းပေးထားတဲ့ ဆရာမများ ငိုတဲ့အခါ စိတ်မကောင်းလဲ ဖြစ်ရပြီး သံယောဇဉ် ဆိုတဲ့ စိတ်လေးကိုလဲ ခံစားမိခဲ့ရပါတယ်ရှင်” လို့ရေးသားထားပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*