2NE1 အဖွဲ့ဝင်ဟောင်း CL TaP Music နဲ့ စာချုပ်ချုပ်ဆို

0
350

(Unicode)

2NE1 အဖွဲ့ဝင်ဟောင်း CL TaP Music နဲ့ စာချုပ်ချုပ်ဆို

2NE1 အဖွဲ့ဝင်ဟောင်း CL ဟာ သူမရဲ့ ကမ္ဘာတဝှမ်းဂီတလှုပ်ရှားမှုတွေအတွက် TaP Music နဲ့ လက်မှတ်ထိုးခဲ့တယ်လို့ အောက်တိုဘာလ ၂၁ရက်နေ့က တရားဝင်ကြေညာလိုက်ပါတယ်။

TaP Music ရဲ့ အပြည်ပြည်ဆိုင်ရာတွဲဖက်ဥက္ကဌ Wendy Ong က “CL ဟာ ကမ္ဘာပေါ်ကဆွဲဆောင်မှုအရှိဆုံး စူပါစတားတွေထဲက တယောက်ပါ။TaP Music အနေနဲ့ CL ကိုကြိုဆိုပါတယ်။ပြီးတော့ သူမကို အားပေးမယ့် ကမ္ဘာတဝှမ်းက ပရိတ်သတ်တွေ ပိုမိုရရှိဖို့ ကူညီရတာအတွက် မျှော်လင့်ဂုဏ်ယူပါတယ်” လို့ ပြောပါတယ်။

CL အနေနဲ့ ” TaP နဲ့ပူးပေါင်းဖို့အတွက် ကျွန်မအပါအဝင် ကျွန်မအဖွဲ့အားလုံး အရမ်းစိတ်လှုပ်ရှားရပါတယ်။ကမ္ဘာတဝှမ်းက ပရိတ်သတ် တွေရဲ့အားပေးမှုပိုရဖို့အတွက် Wendy Ong နဲ့ အတူ စိတ်ကူးကောင်းတွေမျှော်လင့်နိုင်ဖို့ မျှော် လင့်ပါတယ်” လို့လည်း ပြောခဲ့ပါတယ်။

TaP Music နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ လက်ရှိအနုပညာရှင်တွေကတော့ Dua Lipa, Lanna Del Ray,Ellie Goulding, Hailee Steinfeld နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်ပါတယ်။

(Zawgyi)

2NE1 အဖြဲ႕ဝင္ေဟာင္း CL TaP Music နဲ႔ စာခ်ဳပ္ခ်ဳပ္ဆို

2NE1 အဖြဲ႕ဝင္ေဟာင္း CL ဟာ သူမရဲ႕ ကမာၻတဝွမ္းဂီတလႈပ္ရွားမႈေတြအတြက္ TaP Music နဲ႔ လက္မွတ္ထိုးခဲ့တယ္လို႔ ေအာက္တိုဘာလ ၂၁ရက္ေန႔က တရားဝင္ေၾကညာလိုက္ပါတယ္။

TaP Music ရဲ႕ အျပည္ျပည္ဆိုင္ရာတြဲဖက္ဥကၠဌ Wendy Ong က “CL ဟာ ကမာၻေပၚကဆြဲေဆာင္မႈအရွိဆုံး စူပါစတားေတြထဲက တေယာက္ပါ။TaP Music အေနနဲ႔ CL ကိုႀကိဳဆိုပါတယ္။ၿပီးေတာ့ သူမကို အားေပးမယ့္ ကမာၻတဝွမ္းက ပရိတ္သတ္ေတြ ပိုမိုရရွိဖို႔ ကူညီရတာအတြက္ ေမွ်ာ္လင့္ဂုဏ္ယူပါတယ္” လို႔ ေျပာပါတယ္။

CL အေနနဲ႔ ” TaP နဲ႔ပူးေပါင္းဖို႔အတြက္ ကြၽန္မအပါအဝင္ ကြၽန္မအဖြဲ႕အားလုံး အရမ္းစိတ္လႈပ္ရွားရပါတယ္။ကမာၻတဝွမ္းက ပရိတ္သတ္ ေတြရဲ႕အားေပးမႈပိုရဖို႔အတြက္ Wendy Ong နဲ႔ အတူ စိတ္ကူးေကာင္းေတြေမွ်ာ္လင့္ႏိုင္ဖို႔ ေမွ်ာ္ လင့္ပါတယ္” လို႔လည္း ေျပာခဲ့ပါတယ္။

TaP Music နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ လက္ရွိအႏုပညာရွင္ေတြကေတာ့ Dua Lipa, Lanna Del Ray,Ellie Goulding, Hailee Steinfeld နဲ႔ တျခားအႏုပညာရွင္မ်ားစြာ ပါဝင္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here