YSX ရှယ်ယာအရောင်းအဝယ် ယမန်နှစ်ထက် လျော့ကျ

0
315

ရန်ကုန်စတော့ အိတ်ချိန်း (YSX)ရဲ့ ရှယ်ယာအ ရောင်းအဝယ်တွေဟာ ပြီးခဲတဲ့နှစ်နဲ့နှိုင်းယှဉ် ရင် (၁၀%-၂၀%) လောက်ကျသွားတယ်လို့ YSX ရဲ့ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောပါတယ်။

စာရင်းဝင်ကုမ္ပဏီပေါင်း (၇)ခုရှိပြီး ရှယ်ယာအရောင်းအဝယ်တွေကို ဘဏ်ပိတ်ရက်တွေကလွဲပြီး တောက်လျှောက်အရောင်းအဝယ်ပြုလုပ် နေတယ်လို့ ဆိုပါတယ်။

ဘဏ်တွေပြန်ဖွင့်တဲ့ ၂၃ရက်နေ့ကစပြီး ၂၇ရက် နေ့ထိ တပတ်တာကာလ အတွင်း ရှယ်ယာအစု ရေ၂သောင်းကျော်၊ ငွေကျပ် ၁၄၅ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ရှယ်ယာ အရောင်းအဝယ်ဟာ ဘဏ်အကောင့်တွေထဲကသာ အရောင်းအဝယ်လုပ်တာများတဲ့အတွက် ဘဏ်တွေကနေ ငွေသားထုတ်ယူမှု ကန့်သတ်လိုက်တဲ့အပေါ် မှာ အခက်အခဲ ကြီးကြီးမားမားမရှိဘူးလို့ သိရပါတယ်။

စတော့ရှယ်ယာ အရောင်းအဝယ်မှာ ပြည်သူလူထု ပိုမိုစိတ်ဝင်စားပြီးပါဝင်နိုင်ဖို့အတွက် သင် တန်းတွေနဲ့ ဆွေးနွေးပွဲတွေကို ဖွင့်လှစ်ပေး ဖို့ရှိပြီး စာရင်းဝင်ကုမ္ပဏီတွေထပ်တိုးလာဖို့အတွက်လည်း YSX တာဝန်ရှိသူတွေ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

ခုလက်ရှိမှာတော့ ကိုဗစ်၁၉ အခြေအနေကြောင့် သင်တန်းတွေနဲ့ဆွေးနွေးပွဲတွေကို ယာယီရပ်နားထားပြီး Vodeo Conference နဲ့ ပြုလုပ်ဖို့လည်း စီစဉ်နေတယ်လို့လည်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here