နိုင်ငံတကာမှလေယာဉ်များ မြန်မာနိုင်ငံသို့ပျံသန်းဆင်းသက်ခြင်းအား စက်တင်ဘာလကုန်ထိ ယာယီထပ်မံပိတ်ထား

0
127

ရန်ကုန်၊ ဩဂုတ် ၃၁

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှုဆောင်ရွက်ရာတွင် ရောဂါကူးစက်ပျံ့ပွါးနှုန်း မြင့်တက်လျက်ရှိသောကြောင့် နိုင်ငံတကာမှလေကြောင်းခရီးသည်များမှတစ်ဆင့် ရောဂါကူးစက်မှုအား တားဆီးထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်း ကန့်သတ်ပိတ်ပင်မှု အား ၂၀၂၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန် ၂၃:၅၉ မိနစ်အထိထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

ရောဂါပိုးများကြောင့် နိုင်ငံတကာမှ လေကြောင်းခရီးသည်များဝင်ရောက်လာခြင်းအား ကန့်သတ်မှုမှာအလွန် အရေးကြီးသဖြင့်နိုင်ငံတကာ လေကြောင်းခရီးသည်များ မြန်မာနိုင်ငံသို့ပျံသန်းဆင်းသက်ခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ခုနှစ် မတ်လ ၂၉ရက်နေ့ကစပြီးယာယီကန့်သတ်ခဲ့ခြင်းအား ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here