ဂန္ထဝင်ကဗျာဆရာကြီး ဆရာအောင်ချိမ့် ကွယ်လွန်

0
500
ဂန္ထဝင်ကဗျာဆရာကြီး ဆရာအောင်ချိမ့်သည် ယနေ့ည ၈ နာရီ ၁၀ မိနစ်ခန့်က ကွယ်လွန်သွားကြောင်းသိရသည်။
ဆရာအောင်ချိမ့်ကို ၁၉၄၈ ခုနှစ်က မွေးဖွားခဲ့ပြီး ယနေ့ မြန်မာနိုင်ငံ၏ ကြီးကျယ်ခမ်းနားသည့် သက်ရှိကဗျာဆရာဟု အမှတ်ပြုကြသည်။
ဆရာအောင်ချိမ့်သည် သုခမိန်လှိုင်(သိဒတ္တလှိုင်)၊ မောင်ချောနွယ်၊ ဖော်ဝေး အပါအဝင် အခြားသော ကဗျာ ဆရာများနှင့်အတူ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူတဦးဖြစ်သည်။ အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး တို့ (၃) ဦးရေးသားခဲ့သော သစ်ရွက် အသေများ ပေါ်က ရက်စက်သော ဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်ဖြစ်သည်။
ဆရာအောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့မှာ ဂန္တဝင်မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်၊ အသည်းစွဲကဗျာဆရာ တို့ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here