“နှစ်နိုင်ငံကုန်သွယ်မှုအပိုင်းကိုလုပ်နိုင်ဖို့ တည်ငြိမ်အေးချမ်းဖို့အရေးကြီးပါတယ်။ ပြည်သူလူထုကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လိုပါတယ်။ အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် တည်ငြိမ်မှုကိုထိခိုက်နေတဲ့ တခြားနယ်မြေတွေရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေလည်း ပြန်လည်သုံးသပ်ပြီး တိုင်းပြည်ကောင်းအောင် ဒီမိုကရေစီနည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆို မကြာခင် တိုးတတ်မှာပါ။ ဒီခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်ဖြစ်ပါတယ်။ မှတ်ချက်မျိုးစုံပေးကြပေမယ့် ကောင်းတဲ့မှတ်ချက်တွေအများကြီးရှိပါတယ်။ သွားခဲ့ရတာ ပင်ပန်းရကျိုးနပ်ပါတယ်” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်