ရခိုင်ပြည်နယ်အတွင်း Stay At Home ကာလအား ရက်သတ္တပတ် (၂)ပတ် သတ်မှတ်ကြောင်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

0
105

ရခိုင်ပြည်နယ် အတွင်း Covid 19 ရောဂါ ဆက်လက်မပြန့်ပွါးနိုင်ရန် နှင့် အထိရောက်ဆုံးကြိုတင်ကာကွယ်တားဆီးနိုင်ရန် မိမိနေအိမ်တွင် သာနေထိုင်ရမည့် Stay At Home ကာလအား ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှ ဩဂုတ်လ (၄)ရက်နေ့အထိ (၂)ပတ် သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ (၂)ပတ်ကာလ အတွင်း စားဝတ်နေရေးခက်ခဲသော ပြည်သူလူထုများအတွက် မြို့၊ ရွာ၊ ရပ်ကွက် ဖေးမမှုနှင့် ကိုရိုနာ ထိန်းချုပ်ကာကွယ်ရေးအဖွဲ့တို့၏ ပူးပေါင်းမှုများဖြင့် စားဝတ်နေရေးအခက်အခဲများကို ဝိုင်းဝန်းကူညီရန်ရန်လည်း တိုက်တွန်းထားကြောင်း၊ ရခိုင်ဒေသ ပြည်သူများအနေဖြင့်လည်း စည်းကမ်းများအား စည်းလုံးညီညွတ်စွာ ပူးပေါင်းလိုက်နာရန်နှင့် မလိုက်နာသူများအား Covid 19 စည်းကမ်းများနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရသည်။

Covid 19 ရောဂါပိုး ကူးစက်ပြန့်ပွါးနှုန်း နှင့် သေဆုံးမှုအပေါ် မူတည်၍ လိုအပ်လျှင် ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here