ရေမွန်အရိုးပြာကို အမှတ်တရတခု စီစဉ်မည်ဟု မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန် ပြောကြား

0
194

ရန်ကုန်စမ်းချောင်း၊ မင်းလမ်းရှိ အဆိုတော်ရေမွန်(တွတ်ပီ)၏နေအိမ်တိုက်ခန်းတွင် ယနေ့ ဇွန် ၂၉ ရက်နေ့ကရက်လည်ဆွမ်းကပ်ခဲ့ကြောင်း သိရှိရသည်။
ရေမွန်အတွက် အနုပညာလောကမှမိတ်ဆွေများကလည်း အမှတ်တရများ ရေးရင်း ကုသိုလ်မျှပေးခဲ့ကြသည်။
ရေမွန်၏အရိုးပြာကိုအမှတ်တရတခုစီစဉ်မည်ဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်ခင်မြတ်မွန်ကပြောကြားခဲ့သည်။
“တခုခုပေါ့ …ဘာလုပ်ဖြစ်မလဲမသိဘူး။အရိုးပြာအိုးလေးရှိနေတော့ သူရှိနေသလို ခံစားရတယ်လေ “ဟု ဖွင့်ဟပြောကြားခဲ့သည်။
“သားကအမေ့ကို တစ်ကိုယ်တော်စီးရီးအတွက် ပရိုဂျူဆာလုပ်ပေးမယ် လို့ပြောထားသေးတာ” ဟုလည်းကြေကွဲ နာကျင် စွာပြောကြား ခဲ့သည်။
သားဖြစ်သူ၏နာရေး တွင် စောင့်ရှောက် ကူညီခဲ့သူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း၊ အနုပညာလမ်းခရီးကို သားဖြစ်သူ ခက်ခဲ စွာ ဖြတ်သန်းခဲ့ရသည့် အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း ပြောကြားခဲ့ပြီး သူမ အတွေ့အကြုံ များကိုလည်းရေး သားမျှဝေ သွားမည်ဟုဆိုသည်။
MK


LEAVE A REPLY

Please enter your comment!
Please enter your name here