အဆိုတော်ရေမွန်ဟာ အစာအိမ်သွေးကြောပေါက်ပြီးသေဆုံးခဲ့တယ်လို့ နိုဗန်ထူးပြော

0
1084

ရော့ခ်ဂီတ အဆိုတော် တဦးဖြစ်တဲ့ ရေမွန်သည် ဇွန်လ၂၃ ရက်နေ့က နံနက်ပိုင်းတွင် အစာအိမ်သွေးကြောပေါက်ရောဂါ နဲ့ သေဆုံးသွား ခဲ့တယ် လို့ နိုဗန်ထူးကပြောပါတယ်။

“နဂိုကတည်းက ကိုတွတ် (ရေမွန်) က အစားအသောက် မမှန်ခဲ့မိတာ။ အိပ်သိပ်မပျော်၊ နေမကောင်းတာလေးတွေ ရှိခဲ့တယ်။ အရင်နေ့တွေကလည်း အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး သောက်နေခဲ့ရသေးတယ်။ ဒါပေမဲ့ အခုတလော နေပြန်ကောင်းနေ၊ အိပ်လိုလည်း ကောင်းကောင်းရတယ် ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ ၊မနေ့ကတင် ဟော့ပေါ့ စားနေရင်း သတိရကြောင်း ကျနော့်ကိုတောင် လှမ်းပြောခဲ့သေးတယ်။ ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို အစာအိမ် သွေးကြော ပေါက်သွားတယ်။ ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ။ ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့် မမီလိုက်တော့ပဲ အခုလို ဖြစ်သွားရတာပါ”လို နိုဗန်ထူးက ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here