Friday, June 27, 2025

သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်ဟု ရွှေဆိုင်အချို့ထုတ်ပြန်

ဓါတ်သတ္တု ( ရွှေ )ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှသတ်မှတ်သော သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ အရောင်း /အဝယ်ပြုလုပ်ကြောင်း ရွှေဆိုင်အချို့မှ ထုတ်ပြန်ထားသည်။ ယင်းတွင် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းသည်ဓါတ်သတ္တု (...

လူဦးရေ(၇,၀၀၀)ခန့်အလုပ်အကိုင်ရရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း(၈)ခုကိုခွင့်ပြုပေး

ရန်ကုန်တိုင်းအတွင်းရှိ လူဦးရေ(၇,၀၀၀)ခန့်အလုပ် အကိုင်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၈)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဇွန် ၂၅ ရက်ကကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၅)ကြိမ်မြောက်အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။ အစည်းအဝေးသို့...

တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်

ယခုဘဏ္ဍာနှစ်တွင် တင်သွင်းရန်ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကို ဆက်လက်စိစစ်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးကပြောသည်။ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုမိုးစပါးရာသီအတွက် သွင်းအားစုလိုအပ်ချက်များ လုံလောက်ရေးအတွက်...

မန္တလေးမြို့က ” ပိုသူလှူလိုသူကူ” ဆိုတဲ့...

နိုင်ငံအတွင်းမှာ အထွေထွေအကြပ်အတည်းဆိုက်ရောက်နေတဲ့ကာလအပြင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးမှုတွေများခဲ့တဲ့ မန္တလေးမြို့မှာ "ပိုသူလှူ လိုသူကူ"ဆိုတဲ့ Food Box အစီအစဉ်တစ်ခု ပြန်လည်ထွက်ပေါ်လာပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလမတိုင်မီ ၂၀၁၉...
HomeEntertainmentBusinessဆပ်ပြာ၊ ဆပ်ပြာမှုန့် နဲ့သွားတိုက်ဆေး...

ဆပ်ပြာ၊ ဆပ်ပြာမှုန့် နဲ့သွားတိုက်ဆေး တွေကို နယ်စပ်ကနေ တစ်ဦးချင်း တင်သွင်းခွင့် ပိတ်လိုက်ပြီ

နေပြည်တော် ‌ဇွန် ၆

ပြည်တွင်း ထုတ်ကုန်တွေကို ပိုမိုဈေးကွက် ရရှိစေဖို့ ဆိုပြီး မြဝတီ နယ်စပ်ကနေ လူတစ်ဦးချင်း ကုန်သွယ်ခွင့် ITC ကတ်နဲ့ ဆပ်ပြာ အပါအဝင်၊ ဆပ်ပြာမှုန့် နဲ့ သွားတိုက်ဆေး အမျိုးမျိုးကို တင်သွင်းခွင့်ပိတ် လိုက်ပြီလို့ ကုန်သွယ်ရေး ဦးစီးဌာန ကနေသိရပါတယ်။

ပြည်တွင်း ထုတ်ကုန်တွေနဲ့ SME လုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်ဖို့ နဲ့ ဈေးကွက်ယှဉ်ပြိုင်မှု အတွက် ပြည်ပကနေ ကုန်ပစ္စည်း အချို့ကို ITC ကတ်နဲ့ တင်သွင်းခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

အခုလ (၄)ရက်နေ့ ကစပြီး နယ်စပ်စခန်း အသီးသီးကနေ လူတစ်ဦးချင်း ကုန်သွယ်ခွင့် ITC ကတ်နဲ့ ဆပ်ပြာ အပါအဝင် လူသုံးကုန်အချို့ တင်သွင်း ခွင့်ကို မပြုတော့တာပါ။

ITC ကတ် နဲ့ နယ်စပ်ကနေ တင်သွင်းခွင့်မပေးပေမယ့်လည်း ကုမ္ပဏီများ အနေနဲ့ လိုင်စင်လျှောက်ထားပြီး တင်သွင်းနိုင်တဲ့ အခြေအနေ မှာတော့ ရှိပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071