ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးကြော်ငြာတွေရိုက်ဖြစ်နေတယ်ဆိုတဲ့ ပိုင်တံခွန်
0
1216
#Zawgyi
သဲစုလှိုင်
#Unicode
သရုပ်ဆောင်အလုပ်အပြင် ပန်းချီကိုပါဆွဲရတာဝါသနာပါသူကတော့ ပရိသတ်တွေရဲ့အချစ်တော် ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ပန်းချီတွေဆွဲရရင်စိတ်တွေလွတ်လပ်မှုရရှိနေ ပြီး ပန်းချီကို ငယ်ငယ်လေးကတည်းဆွဲခဲ့တဲ့အကြောင်းကိုလည်း ပိုင်တံခွန်က ပန်းချီကို တံခွန်၂ တန်းလောက်တည်းက စတင်ဆွဲဖြစ်တာပါ။ ၆တန်း၊ ၇တန်းလောက်ထိ ဆွဲခဲ့တယ်။တဖြည်းဖြည်းအသက်ကြီးလာတော့ ၁၀တန်းလောက်ကျ တော့ ပန်းချီမဆွဲဖြစ်တော့ဘူး။ ပြီးတော့ မော်ဒယ်သင်တန်း စတက်တဲ့အချိန်မှာ ဆွဲဖြစ်တယ်။တံခွန်ပန်းချီဆွဲတာ ပုံမှန် အတိုင်းဆိုရင် ၁ နှစ်၊ ၂ နှစ်လောက်မှ ပန်းချီတစ်ကားလောက် ဆွဲဖြစ်တာ။ပန်းချီတကယ်လို့ဆွဲလိုက်ရင်လည်း ပန်းချီကား ထဲမှာ စိတ်နှစ်ထားရတာဆိုတော့ အချိန်တော်တော်ယူပြီး တော့ ဆွဲရတာပေါ့နော်။ ပန်းချီဆွဲနေရရင်ကို စိတ်ထဲမှာ လွတ်လပ်ပြီး ကိုယ်ဆွဲတဲ့ပုံအတိုင်းကို လိုက်ပါစီးမျောနေတာ ပေါ့နော်။ ဥပမာ တံခွန်ဆွဲလိုက်တဲ့ ပန်းချီတစ်ကားက ရေပြင်ကြီးတစ်ပြင်လို ဖြစ်နေရင် ဆွဲနေရင်းနဲ့ အဲ့ဒီလိုမျိုး ရေပြင်ကြီးထဲမှာ စီးမျောနေသလိုမျိုးခံစားရပါတယ်။အဲ့ဒါကြောင့်လည်းပန်းချီဆွဲရတာကို နှစ်သက်ခဲ့တာပါ။} လို့ ပြောပါတယ်။
ကိုဗစ်ကာလအိမ်ထဲမှာနေရတဲ့အချိန် အနုပညာ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်သွားအောင် ဘာတွေလုပ်ဖြစ်နေလဲလို့မေးကြည့်တဲ့အခါ မှာတော့ ပိုင်တံခွန်က ]]အဓိကကအိမ်ထဲမှာပဲနေဖြစ်တယ်။လုပ်ငန်းကိစ္စတွေဆိုလည်း အိမ်ကနေပဲလုပ်ရတဲ့အလုပ်မျိုး ကို အဓိကရွေးချယ်ဖြစ်တယ်။ အခုနောက်ပိုင်းဆို ကြော်ငြာ တွေကအစ ကိုယ်တိုင်ပဲဒါရိုက်တာလုပ်တယ်။ ကိုယ့်ဘာသာ ဇာတ်ညွန်းရေးတယ်။ ကိုယ့်ဘာသာ တည်းဖြတ်တယ် ပေါ့နော်။ ကိုယ်တိုင်ပဲ လုပ်ဖြစ်တာများတယ်။ဘာဖြစ်လို့လဲ ဆိုတော့ လူအများကြီးစုဝေးလို့ မရဘူးဆိုတော့ ဒါရိုက်တာ ကိုယ်တိုင်က သူတို့လာရိုက်ပေးချငိတာတောင် လာရမယ့် အိမ်ကိုလည်း သူတို့ကအားနာကြတယ်။ တခြားအိမ်ကလည်း လက်ခံလား၊ လက်မခံလားလဲမသိတော့ အားနာကြပြီး အပြင်တွေ မထွက်ကြတာလည်းရှိတယ်ဆိုတော့ ကိုယ့် ဘာသာပဲ ရိုက်ထားတဲ့အခြေအနေတွေရှိတယ်။ ဒီကိုဗစ် ရောဂါကြောင့်အိမ်ထဲမှာ နေရတဲ့အချိန် ကိုယ့်ဘာသာ မင်းသားလုပ်၊ ဒါရိုက်တာလုပ်ပြီး အနုပညာအလုပ်တွေကို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်အောင် လုပ်ဖြစ်ပါ တယ်။}} လို့ပြောပါတယ်။
သဲစုလှိုင်
LEAVE A REPLY
Please enter your comment!
Please enter your name here