တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက်စိတ်လှုပ်ရှားနေတဲ့ ပိုပို

0
875

#Zawgyi

အဆိုတော်တိုင်းအိပ်မက်မက်ကြတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ပိုပိုတစ်ယောက်တဖြည်းဖြည်းနီးကပ်လို့လာပါပြီ။ ပိုပိုရဲ့ Masterpiece In Mandalay One Lady Show အတွက် သူစီစဉ်နေတာ မရှိဘူးဆိုရင် ကိုးလကျော် လောက်တော့ရှိခဲ့ပြီထင်တယ်။ တစ်ကိုယ်တည်းသမားဖြစ်ပေမယ့် သူ့မှာကြံ့ခိုင်တဲ့နှလုံးသားတစ်စုံရှိတယ်။ ပရိသတ်နဲ့ထပ်တူကျခဲ့တဲ့ အနုပညာ ဖန်တီးမှုတွေများစွာရှိခဲ့တယ်။ မန္တလေးမှာဘာဖြစ်လို့ သူ့ရဲ့ပထမဦးဆုံး One Lady Show ကိုကျင်းပရ တာလဲလို့မေးတော့ သူကတိကျပြတ်သားတဲ့အဖြေကိုဖြေပါတယ်။

“ပရိသတ်တွေကို ယုံလို့။ ပိုပိုရယ်ဆိုပြီးဖြစ်လာတဲ့အချိန်မှာ မန္တလေးက ပရိသတ်တွေက ပိုပို့ကိုဘယ်တော့မှမျက်နှာမငယ်စေရဘူး။ အခုဆိုရင် လက်မှတ်တွေလည်း တော်တော်လေးရောင်းရနေပြီ။ ရန်ကုန်က Die Heart Fans တွေကလည်းလာကြမယ်။ မန္တလေး၊ မုံရွာနဲ့တခြားမြို့တွေကလည်း လာကြမယ်ဆိုတော့ ဘာပဲပြောပြော နယ်စုံသွားတာပေါ့”လို့ ပိုပိုက ပြောပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ် ပွဲလုပ်ဖို့အတွက်နောက်ကနေ ကူညီပံပိုးပေးမယ့် ကြေငြာတွေလည်း လိုအပ်လှပါတယ်။ ပိုပိုက သူ့ရဲ့ဂီတသက်တမ်း ၁၃နှစ်ပြည့်မှာလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ကြော်ငြာသာမရခဲ့ရင် သူစီးနေတဲ့ကိုယ်ပိုင်ကားလေးကို ရောင်းပြီးလုပ်ဖို့အတွက် စိတ်ကူးထားသူပါ။ အခုတော့ သူရဲ့ရှိုးပွဲအတွက် ကြော်ငြာရသွားပါပြီ။ ဒီလိုဆန္ဒတွေပြည့်ဝခဲ့တယ်ဆိုတာ ဘုရား၊တရားရိုသေကိုင်းရှုင်းတတ်တဲ့၊ တစ်ခုခုဆိုလှူဒါန်းတတ်တဲ့ သူ့ရဲ့စိတ်လေးကြောင့်ဖြစ်မယ်ထင်ပါတယ်။ ‘ချစ်ဖူးခဲ့သမျှ’ ကနေစလို့ ‘Masterpiece’ အထိ သီချင်းပေါင်းများစွာ ရေးသားဖန်တီးသီဆိုခဲ့တဲ့ ပိုပိုတစ်ယောက် သူ့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ဘယ်လိုမျိုး စတန့်တွေနဲ့ဖျော်ဖြေတင်ဆက် သွားမလဲဆိုတာကတော့……..

“ပွဲအချိန်က ၆နာရီကနေ ၉နာရီအထိပါ။ ပို့ကို ကူညီသီဆိုပေးကြမယ့် ဖီးချားရင်းတွေလည်းရှိပါတယ်။ ပိုက ထွက်ထားတဲ့ သီချင်းအပုဒ် ၈၀ကျော်ထဲက တချို့အပုဒ်တွေကိုပေါင်းမယ်။ တချို့ပုဒ်တွေကို Band နဲ့ ဂစ်တာသမားနှစ်ယောက်နဲ့ဖျော်ဖြေမယ်။ တချို့အပုဒ်တွေကို အကတွေ၊ ပါဖောမန့်တွေနဲ့ ဖျော်ဖြေမယ်။ ဖေဖော်ဝါရီ ၂၉ရက်နေ့၊ Yadanarpon Event Park မှာဆုံကြမယ်နော်”လို့ ပိုပိုကပြောပြခဲ့ပါတယ်။

#Unicode

LEAVE A REPLY

Please enter your comment!
Please enter your name here