မျှော်လင့်ခြင်းတွေရှိတယ်

0
102

အ​ရှေ့ကို စူစူ​နေတဲ့
မျက်​လုံး​လေး​တွေထဲမှာ
မ​သေချာခြင်းနဲ့ မ​ရေရာခြင်းရဲ့အ​ငွေ့​တွေ
တွေ့​နေရတယ်​။
မျှော်လင့်​ခြင်းနဲ့
အခါခါ​စောင့်​​မျှော်ကြဖူး​ပေမယ့်
အခါခါလွဲ​ချော်​ကြ​ဖူး​တော့
သူတို့ ..
မ​မျှော်လင့်​ရဲကြ​တော့။
ဗိုက်​ပူပူနဲ့​ကောင်​​လေးမှာ
အင်္ကျီအစုတ်​နဲ့
ဘောင်းဘီအစုတ်​ရှိတယ်​။
ခေါင်းကြီးကြီးနဲ့​ကောင်​မ​လေးမှာ
အာဟာရမပြည့်​ဝတဲ့
လက်​​ရိုး​လေး​တွေနဲ့
ယိုင်​နဲ့နဲ့ ​​ခြေရိုး​လေး​တွေရှိတယ်​။
သူတို့နှစ်​​ယောက်​ရဲ့​အ​မေမှာ
ကြမ်းကြမ်းရမ်းရမ်း
နှုတ်​​တွေလျှာ​တွေ ရှိတယ်​။
သူ​တို့ရဲ့အ​ဖေမှာ
ဆိုက်​ကားတစ်​စီးရှိတယ်​။
သူတို့တ​တွေမှာ
ငတ်​မွတ်​ခြင်း ည​နေ​တွေနဲ့
ဆောက်​လုပ်​ထားတဲ့
ရေ​မြောင်းနံ​ဘေးက
ကျူးတဲ​လေးရှိတယ်​။
ဆာ​လောင်​မွတ်​သိပ်​စွာနဲ့
သူတို့နှစ်​​ယောက်
သူတို့အ​ဖေကို
မျှော်တယ်​။
သူတို့အ​မေကလည်း
နှုတ်​ကြမ်းလျှာကြမ်းနဲ့
ဘေးအိမ်​နဲ့ရန်​ဖြစ်​ရင်း
မျှော်တယ်​။
သူတို့ရပ်​ကွက်​နဲ့ခပ်​လှမ်းလှမ်းရပ်​ကွက်​မှာ
ဆိုက်​ကားတစ်​စီး
ကား​အောက်​ကို​ရောက်​​နေတယ်​။
သွေးအိုင်​ထဲမှာ
လူတစ်​​ယောက်​ ​မှောက်​ခုံအ​နေအထားနဲ့ ရှိတယ်​။
လူ​တွေလက်​ထဲမှာ
ဟန်းဖုန်း​တွေ ရှိတယ်​။
ဟန်းဖုန်း​တွေမှာ
မီး​ရောင်​​တွေရှိတယ်​။
သွေးအိုင်​ထဲမှာ
သွေးတပွက်​ပွက်​နဲ့
လူတစ်​​ယောက်​ရှိတယ်​။
ကျူးတဲ​လေးထဲမှာ
သူတို့နှစ်​​ယောက်​ရှိတယ်​။
မိန်းမကြမ်းကြီးရှိတယ်​။
မျက်​ဝန်း​တွေရှိတယ်​။
ဆာ​လောင်​မှု​တွေရှိတယ်​။
အရိုင်းအစိုင်းစကားလုံး​တွေရှိတယ်​။
ပြီး​တော့ …
ပြီး​တော့….
မျှော်လင့်​ခြင်း​တွေလည်း ရှိတယ်​။

ခေတ်​လှိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here