ဝေဖန်တာတွေကို ဂရုမစိုက်တော့ဘူး ဆိုတဲ့ ရွှေအိမ်​စည်

0
432

အလှမယ်​တစ်​ယောက်​အဖြစ်​ကနေ သရုပ်​ဆောင်​ဘက်​ကိုပါ တဖြည်းဖြည်း ခြေလှမ်းလာတဲ့ ရွှေ အိမ်​စည်​က မကြာခင်​အချိန်​အတွင်း မှာ ပထမဆုံးခေါင်းဆောင်​မင်းသမီး အဖြစ်​ ‘စွဲ’ ဆိုတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီး မှာ ပါဝင်​သရုပ်​ဆောင်​တော့မှာ ဖြစ်​ပါတယ်​။ စွဲရုပ်​ရှင်​ဇာတ်​ကားထဲက ကာရိုက်​တာကိုလည်း ရွှေအိမ်​စည်​က အခုလိုမျိုး ပြောပြခဲ့ပါတယ်​။

“မုဒိန်း ကျင့်​ခံရတဲ့ ကောင်​မလေးတစ် ယောက်က နောက်​ဆုံးစွဲသွားပြီးတော့ နောက်​ဆုံးကလဲ့စားလိုက်​ချေတဲ့ ကာ ရိုက်​တာပုံစံမျိုးလေးပါ။ ပညာပေး ကားပုံစံမျိုးဆိုလည်း ဟုတ်​တယ်။ အိမ်​စည်​အတွက်​ တာဝန်​ကြီးတယ်​။ ရက်​တွေလည်း ပိုပေးရတယ်​။ ဇာတ်​လမ်း၊ ဇာတ်​အိမ်​ကလည်း စိတ်​ဝင်​စားဖို့ကောင်းတယ်​။ ရိုက်​ပြီးသွားလို့ ဇာတ်​ကားထွက်​လာရင်​လည်း ပရိ သတ်​တွေ သဘောကျကြိုက်​ နှစ်​သက်​ကြကျမှာပါ”လို့ ပြောပြခဲ့ပါ တယ်​။ ဝတ်​လစ်​စလစ်​အဖြစ်​ သရုပ်​ဆောင်​မှာဖြစ်​တဲ့အတွက်​ ဝေဖန်​မှုတွေနဲ့ ပတ်​သက်​ပြီးတော့လည်း….

“ဝေဖန်​မှု တွေကတော့ သေချာ ပေါက်​ရှိမှာ။ ကောင်းတဲ့ကားတွေ တောင်​မှ ဝေဖန်​နေကြတာဆိုတော့။ ဇာတ်​ကားအရှေ့ပိုင်းမှာတော့ မြန်​မာဝတ်​စုံလေးနဲ့ မြင်​ရမယ်​။ ပြီးသွား ရင်​ သရဲမ ဘာဝတ်​စုံမှမပါတော့ဘူး။ အိမ်​စည်​အခု ရိုက်​မယ့်​ ရုပ်​ရှင်​ဇာတ်​ကားက ပက်ပက်​စက်​စက်​ဝေဖန်​ခံရမှာ။အိမ်​စည်​က အဓိကပေါ့နော်​။ အဲဒါကလည်း မှန်းထားပြီးသား။ ဒီဇာတ်​ကားမှာ အဝတ်​မပါတဲ့ သရဲဆိုတော့ ပိုပြီး ဝေဖန်​ခံရမယ်​။ အိမ်​စည်​ကတောာ ဝေဖန်​တာကို ဂရုမစိုက်​တော့ဘူး။ အနုပညာအရ လုပ်​တယ်​၊ ဇာတ်​လမ်းအရလုပ်​တယ်။ ကိုယ့်​ဘက်​က ရှင်းပြစရာမလိုဘူး”လို့ ပြောပြပါတယ်​။ကြို တင်​ပြင်​ဆင်​မှုတွေနဲ့ ပတ်​သတ်​ပြီး တော့လည်း အခုလိုပြောပြခဲ့ပါသေး တယ်​။

အိမ်​စည်​ Gym တွေ ကစားရတော့မယ်။ ဗိုက်​တွေ နည်းနည်းချရမယ်​။ လှအောင်​ လုပ်​ရတော့မယ်​။ ကာရိုက်​တာက အဝတ်​အစားမပါဘူး ဆိုတော့ ခန္ဓာကိုယ်​နဲ့ပဲ ထိန်းရမယ်​။အိမ်​စည်​က တစ်​ခါမှမလုပ်​ဖူးတဲ့ ဇာတ်​ရုပ်​ကို လုပ်​ရတော့မှာဖြစ်​တဲ့ အတွက်​ အိမ်​စည်​က ပျော်​တယ်​။ အိမ်​စည်​က ဒီကားမှာ အလှထက်​ထက်​စာရင်​ သရဲအခန်းက ပိုများ တယ်​။ အဲဒီအတွက်​ ခန္ဓာကိုယ်​ကြံ့ ခိုင်​လှပမှုကို အဓိကထားပြီး လုပ်​သွားမယ်​”လို့ ဆိုပါတယ်​။

ဝတ်​လစ်​စလစ်​သရဲမ ဆိုပေမယ့်​ အသားကပ်​ဝတ်​စုံ၊ ကင်​မရာ လှည့်​ကွက်​တွေနဲ့ အိမ်​စည်​က သရုပ်​ဆောင်​သွားမှာ ဖြစ်​တယ်လို့ သိရပါတယ်။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- အောင်​ဇော်​မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here