တစ်နေ့ကျရင် ကိုယ့်နေရာ ဖယ်ပေးကြရမယ်ဆိုတဲ့ သဘောတရားကို နားလည်ကြရမယ် ဆိုတဲ့ မေခလာ

0
558

သီချင်းအသစ်တွေ၊ One Lady Show တွေနဲ့ အနုပညာမှတ်တိုင် အသစ် တွေ ထပ်မံစိုက်ထူဖြစ်ဦးမလားလို့ တေးသံရှင်မေခလာနဲ့တွေ့တုန်း မေးဖြစ် တော့ …

“အိုင်ဒီယာတွေရှိပါတယ်။ လုပ်ဖို့လည်း စိတ်ကူးထားပါတယ်။ သို့သော်လည်း ပွဲတွေလက်ခံတာများတော့ မလုပ်ဖြစ်ဘူးဖြစ်နေတာ”လို့ သူက ပြောပါတယ်။

အနုပညာလောကဆိုတာ ကလည်း အသစ်တွေ၊ အသစ်တွေများ စွာပေါ်ထွက်နေကြသလို ရှေ့က စီနီယာတွေဆိုတာလည်း ဂျူနီယာတွေကို နေရာပေးကြရမယ်ဆိုတဲ့ သဘော တရားတွေကို လက်ခံထားတဲ့ မေခလာက အဆိုတော်ကြီးတွေရဲ့ အနေအထားကို အခုလိုပြောပြလာပါတယ်။

“များသောအားဖြင့် လူတွေက ကျန်းမာရေးတွေ နည်းနည်းချို့ယွင်း လာတာရှိကြပြီ။ နည်းနည်းလေးပုံစံလေးတွေက ပြောင်းလာကြပြီဆိုတော့ ဆိုဖြစ်တဲ့သူတွေရှိသလို မဆိုဖြစ်တဲ့သူတွေကလည်းများသွားပြီ။ ဒီအထဲမှာ ချစ်ငယ်က နည်းနည်းလှုပ်ရှားနေရတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေတာလည်း ပါတာရယ်ကြောင့်ပါ။ ဒီအရွယ်တွေက ဘာပဲဖြစ်ဖြစ် ဆိုတော့ဆိုချင်ကြတာပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မဆိုနိုင် ခဲ့ကြဘူး။ အသံတွေ ဒီနေ့ထိကောင်းတုန်းပဲ။ ခွန်အားတွေလည်းရှိတုန်းပဲ။ တစ်ခါတလေကျရင် ချစ်ငယ်တို့ Generation တွေ၊ ချစ်ငယ်တို့ထက်ကြီးတဲ့ Generation တွေကို ပွဲထုတ်ပြချင်တယ်။ တကယ်ဆိုနိုင်ကြတာနော်။ ချစ် ငယ်ထက် စီနီယာအများကြီးကျတဲ့အဆိုတော်ကြီးတွေ အရမ်းအသံ ကောင်းတယ်။ သူတို့ပွဲလေးတွေ လုပ်စေချင်တယ်။ ချစ်ငယ်က တစ်ဖန် ပြန်အားပေးချင်တာလေ။ အဲဒီလိုပါ။ ဒါပေမဲ့တစ်နေ့ကျရင်တော့ လူဆို တာ ကိုယ့်နေရာ ဖယ်ပေးကြရ တာ ချည်းပဲလေ။ သဘော တရားကို နားလည်ကြ ရမယ်နော်”လို့ မေခလာ က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here