အပူအပင်မရှာချင်တော့လို့ လူပျိုကြီး လုပ်ဖြစ်နေပါတယ်ဆိုတဲ့ နေယံ

0
219

ပရိသတ်ချစ်ခင်မှုတွေ ရရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင်နေယံကတော့ လက်ရှိမှာ စီပွားရေးဘက်ကို ဦးစားပေးလုပ်ကိုင်နေသူပါ။ အနုပညာ အလုပ်တွေ မလုပ်ဖြစ်တော့ဘဲ စီးပွားရေးကိုဦးစားပေးလုပ်ဖြစ်ကြောင်းကိုလည်း သရုပ်ဆောင်နေယံက အခုလို ပြောပြခဲ့ပါတယ်။

”ဇာတ်လမ်းတွေလာကမ်းလှမ်းတာရှိတယ်။ ဒါပေမဲ့ ဇာတ်လမ်းတွဲ က တစ်လခွဲ နှစ်လလောက်နယ်မှာ သွားနေပေးရမှာဖြစ်တဲ့အတွက် ကိုယ့်အတွက်က အဆင်မပြေဘူး။ မရိုက်ဖြစ်ဘူးပေါ့။ ရက်တွေ ညှိရင်လည်း အဆင်မပြေတာများတယ်။ စီးပွားရေးကလည်း အစ်ကိုရဲ့ဝမ်းရေးဖြစ်နေတဲ့အတွက် ထိခိုက်မခံနိုင်ဘူးလေ။ စီးပွား ရေးကတော့ ဖက်ရှင်ဆိုင်ဖွင့်ထားတယ်။ ဒီနှစ်တော့ အသီးတွေ မစိုက်ဖြစ်ဘူး။ အထည်ချူပ်စက်ရုံလေးဖွင့်ထားပါတယ်။ ဒီမှာ ကလည်း စီပွားရေးရှိနေတာဖြစ်တဲ့အတွက် အဝေးကလည်း လှမ်းလုပ် လို့မရဘူး။ ပရိသတ်တွေကတော့ လုပ်စေချင်တယ်။ ဥညူငညန မှာလည်း ပြောကြတာတွေရှိတယ်။ အစ်ကို့အနေနဲ့ကတော့ အသက်လည်းကြီးပြီး ဒီချိန်မှာအောင်လည်း မအောင်မြင်ချင်တော့ပါဘူး။ နာမည်လည်း မကြီး ချင်တော့ပါဘူး။ ဘဝကိုအေးချမ်းစွာဘဲဖြတ်သန်းချင်တာဖြစ်တဲ့ အတွက် အေးချမ်းတဲ့လမ်းကြောင်းကိုဘဲ ရွေးချယ်နေတာပါ”လို့ ပြောပြခဲ့ပါတယ်။

အခက်အခဲတွေကြားက အနုပညာအလုပ်တွေ လုပ်ခဲ့ရတဲ့ အကြောင်းကိုလည်း …

”အနုပညာကို လုပ်သင့်လုပ်ထိုက်သလောက်လည်း လုပ်ပြီးသွားပြီ။ အစ်ကိုက အနုပညာကို အသွေးအသားထဲ ကကို တကယ်ချစ်တာပါ။ ချစ်လိုလုပ်ခဲ့တာဖြစ်တဲ့အတွက် အနုပညာနဲ့ပတ်သတ်ရင် နောင် ဘယ်တော့မှ နောင်တ မရပါဘူး။ ချစ်လို့လည်း ရွာကနေတက်လာပြီး အခက် အခဲပေါင်းများစွာကို ဖြတ်သန်းပြီးတော့ ဒီ လောက်ရပ်တည်လိုရအောင် လုပ်လာရတာဖြစ်တဲ့ အတွက် အနုပညာကို တစ်ရေးနိုးထမေးရင်တော့ အသည်းထဲက နှလုံးသားထဲက ချစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

အိမ်ထောင်ပြုဖြစ်တော့မှာလားလို့ လည်း ဆက်လက်မေးမြန်းခဲ့ရာ ”ဘဝ ကံကြမ္မာဆိုတာ ပြောလို့မှမရတာ။ အစ်ကို ကတော့ လူပျိုကြီးလုပ်ရတာ ကြိုက်တယ်။ အသက်ကလည်း ၄ဝ နီးပြီဆို တာ့ အပူအပင်မရှာချင်တော့ပါဘူး” လို့ လည်း ပြောပြခဲ့ပါ၁တယ်။

သတင်း၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here