Monday, August 10, 2026

Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင်အားပြန်ပေးဆွဲခေါ်ယူသွားသူ(၉)ဦးအား အခင်းဖြစ်ပြီး...

ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းရှိ Diamond Shine စိန်ရွှေရတနာဆိုင်ပိုင်ရှင် ဦးအောင်မြင့်(ခ)ဆူပရာမန်းနီးအား အမည်မသိအမျိုးသားများမှ ဩဂုတ် ၆ ရက်ညနေ ၅ နာရီခွဲခန့်က...

ဧရာဝတီတိုင်းမှ တက္ကသိုလ်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်...

အရေအတွက်များများသင်ကြားပေးခြင်းထက် အရည်အသွေးပြည့်ဝသည့် သင်တန်းဆင်းများပေါ်ထွက်ရေးကိုအလေးထားဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မအူပင်မြို့နှင့်...

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...
HomeActivitiesမြန်မာအကနဲ့ ပတ်သက်လို့...

မြန်မာအကနဲ့ ပတ်သက်လို့ လူငယ်တွေကို ပြန်လည်သင်ကြား ပေးနေပြီဖြစ်တဲ့ ဝင်းသပြေထွန်း

နိုင်ငံတကာမှာ မြန်မာ့ရိုးရာ အကနဲ့ပတ်သက်လို့ သွားရောက် ဖျော်ဖြေတင်ဆက် ကပြနေတဲ့သူကတော့ အငြိမ့်မင်းသမီး ဝင်းသပြေထွန်းပဲဖြစ်ပါတယ်။ သူက အခုဆိုရင် နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်လောက်ကို သွားရောက်ကပြခဲ့ပြီးပြီဖြစ်သလို သွားရောက်ကပြခဲ့တဲ့ နိုင်ငံတိုင်းမှာလည်း အောင်မြင်မှုတွေ ရရှိထားသူပါ။ သူက အခုအချိန်မှာတော့ နောက်ပိုင်းမျိုးဆက်သစ်တွေကို မြန်မာအကနဲ့ပတ်သက်လို့ သင်ကြားပေးဖို့ စီစဉ်နေပြီလည်း ဖြစ်ပါတယ်။

”တကယ်တော့ ကိုယ်က သိပ်တော့ မသင် တတ်ဘူး။ ဒါပေမဲ့ အားလုံးက သင်ပေးပါ၊ သင် ပေးပါလို့ ပြောကြတယ်။ ပြီးတော့ ဆရာတွေက လည်း ပြောတယ်။ ကိုယ့်မောင်တွေ ညီမတွေ ကိုလည်း လက်ဆင့်ကမ်းပေးရမယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေးတဲ့အတွက် ကြောင့် ကလေးတွေရဲ့ စိတ်ထဲမှာလည်း ကိုယ့် ရိုးရာကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေ ဖြစ်လာကြ မယ်ဆိုတော့ အဲဒီလို လက်ဆင့်ကမ်းပေးကို ပေး ရမယ်ဆိုတဲ့ အသိလေးတော့ တဖြည်းဖြည်းဝင် လာပြီ။ အရင်တုန်းကတော့ ကိုယ်က မသင်ပေး တတ်ဘူးဆိုတဲ့ စိတ်နဲ့ မသင်ချင်ဘူးဆိုပြီး အတင်း ငြင်းခဲ့တာလေ။ အခုနောက်ပိုင်းကြ တော့ ကိုယ်ဒီလိုလေးသင်ပေးလိုက်ရင် သူတို့ လည်း မြန်မာ့အကကို ချစ်တတ်မယ်။ သူတို့ ချစ်တတ်သလို သူတို့ကနေ တခြားလူတွေကို ပြန်မျှဝေရင် ကိုယ့်ရိုးရာကိုယ့်ယဉ်ကျေး မှုကို ချစ်ခင်တဲ့စိတ်တွေ ပိုပြီး တော့များလာမယ်၊ ပိုတန်ဖိုး ထားလာမယ် ဆိုတဲ့ စိတ်လေးနဲ့ သင်ပေးမယ်ဆိုတဲ့ သင်ပေးဖြစ် လာတယ်”လို့ မြန်မာအကနဲ့ ပတ် သက်လို့ သင်ပြပေးဖြစ်ခြင်းကို ဝင်းသပြေထွန်းက ပြောပါတယ်။ သင်ပေးဖြစ်ပေမယ့်လည်း သူကိုယ်တိုင် လည်း မြန်မာအကနဲ့ ပတ်သက်လို့ အခုအချိန် အထိ လေ့လာသင်ယူနေရတုန်းပဲဖြစ်ပြီး အနုပညာဝမ်းစာကတော့ အမြဲဖြည့်နေရမှာပါလို့ ပြောပါတယ်။

မြန်မာအကသင်ပြပေးနဲ့ ဆရာမတစ်ဦး အနေနဲ့ ရပ်တည်သွားဖို့တော့ မရှိပေမယ့်လို့ နောက်ပိုင်းတော့ ဘယ်လိုတွေဆက်လုပ်ဖြစ် မယ်ဆိုတာတော့ ပြောလို့ မရသေးဘူးလို့ ပြော ပြပါတယ်။ ဝင်းသပြေထွန်းက ဖက်ရှင်ပိုင်းမှာ ဆိုရင်လည်း ရိုးရိုးယဉ်ယဉ်လေးတွေသာ ဝတ် ဆင်လေ့ရှိတာကို တွေ့ရပါတယ်။ ဒီလို ဝတ်ဆင်ဖြစ်တာကလည်း သဘင်မင်းသမီးဖြစ် တာက တစ်ကြောင်းကိုယ်တိုင်ကလည်း မြန် မာဝတ်စုံလေးတွေကို ဝတ်ရတာ ပိုကြိုက်နှစ် သက်ခြင်းကြောင့်လည်း ဝတ်ဖြစ်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

”ကိုယ်က ဆက်စီဘက်ကို သွားလို့လည်း မလိုက်ဘူး။ ကိုယ်က နည်းနည်း Cute ပုံစံလေး တို့ ရိုးရိုးယဉ်ယဉ်လေးတို့ပဲ လိုက်တယ်လို့ ထင်တယ်။ မြန်မာဝတ်စုံဝတ်ရင်တော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိတယ်လို့ ထင်တယ်။ လူတိုင်းကလည်း မြန် မာဝတ်စုံဝတ်ရင် ပိုလှတယ်လို့ ပြော ကြတယ်”လို့ မြန်မာဝတ်စုံကိုပဲ အဓိ က ထားပြီး ဝတ်ဆင်ဖြစ်ခြင်းနဲ့ပတ် သက်လို့ ဝင်းသပြေထွန်းက ပြောပြပါတယ်။

လင်းအက္ခရာ၊ ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071