Saturday, May 9, 2026

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအတွက် ရန်ကုန်ဇုန်အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့

မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဘောလုံးအကယ်ဒမီအား မန္တလေးမြို့၌ဖွင့်လှစ်မည်ဖြစ်၍ ရန်ကုန်ဇုန်အတွက် အပြီးသတ်လူရွေးချယ်ပွဲ ပထမနေ့ကို ယနေ့ မေ ၉ ရက်နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ပြုလုပ်ခဲ့သည်။ ယနေ့တွင် ရန်ကုန်ဇုန်ရှိ မြို့နယ်များမှတက်ရောက်လာသည့်...

G-2 မှ G-12 အထိ...

လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာသင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀...

ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနား ရုရှား ကျင်းပ

ယူကရိန်း၏ တိုက်ခိုက်လာနိုင်သည့် အန္တရာယ်ကြောင့် ရုရှားသည် ယခုနှစ်၏ စစ်အောင်နိုင်ခြင်း စစ်ရေးပြအခမ်းအနားကို နှစ်ပေါင်းများစွာအတွင်း အင်အားအနည်းဆုံးပမာဏဖြင့် ကျင်းပခဲ့သည်။ မေလ ၉ ရက် နေ့က...

၂၀၂၆ ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’...

ကမ္ဘာ့ဖလားသီချင်းများ၏ ဘုရင်မဟု တင်စားရမည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်လာမည့် “Dai Dai"...
HomeCelebrities' Newsအသစ်​တစ်ယောက်​အနေနဲ့ စိန်ခေါ်မှုများတဲ့ ဇာတ်ကားအကြောင်း...

အသစ်​တစ်ယောက်​အနေနဲ့ စိန်ခေါ်မှုများတဲ့ ဇာတ်ကားအကြောင်း ခါရာ ပြောပြ

 

အနုပညာလောကကို အသစ်​တစ်ယောက်​ဖြစ်ပေမယ့်​ ခြေလှမ်းခပ်စိတ်စိတ်နဲ့ ထိုးဖောက်​ဝင်ရောက်လာတဲ့ အနုပညာရှင်​ကတော့ခါရာပါ။ ဇာတ်လမ်းတွဲတွေ၊ Dimensions (မျက်နှာပြင်များ) ရုပ်ရှင်​ဇာတ်ကားကြီးနဲ့ ပရိသတ်တွေ သတိထားမိလာပြီး အားပေးလာကြပါတယ်။ သူ့ရဲ့ နောက်ထပ်​အနုပညာပညာကြိုးစားမှု တစ်ခုဖြစ်တဲ့ မြို့ပြမုဆိုးများ ရုပ်ရှင်​ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်​ပြသတော့မှာ ဖြစ်ပါတယ်။ မြို့ပြ မုဆိုးများ ရုပ်ရှင်​ဇာတ်ကားကြီးထဲက ကာရိုက်တာနဲ့ ပတ်သက်​ပြီး ခါရာက ”ဒီကားထဲမှာဆိုရင် ကျွန်တော်က ဆိုင်းလုံဆိုတဲ့ သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ ဂန်းစတားတစ်ယောက်လို သရုပ်ဆောင်ထားတယ်။ ကျွန်တော့်အတွက် စိန်ခေါ်မှုများတဲ့ ကာရိုက်တာတစ်ခု။ ဒီဇာတ်လမ်းက ရိုက်ကူးထားတာ နှစ်နှစ်လောက်ရှိပြီ။ ကျွန်တော်လုပ်ဖူးတဲ့ ဇာတ်ကောင်တွေထဲမှာ ဆိုင်းလုံဆိုတဲ့ ဇာတ်ကောင်ကို တော်တော်အားရတယ်။ ဒီဇာတ်ကားရိုက်ကူးဖို့ကို ကျွန်တော်​သုံးလလောက်အချိန်ယူပြီး ကြိုတင်ပြင်ဆင်ထားတယ်။ အများကြီးလည်း ကြိုးစားထားပါတယ်”လို့ ပြောပြပါတယ်။ မြို့ပြမုဆိုးများ ရုပ်ရှင်​ဇာတ်ကားကြီးက အသစ်တွေကြီးပဲ ပူးပေါင်းပြီး ဖန်တီးထားတယ်​ဆိုတာကိုလည်း ”ဒီရုပ်ရှင်​ဇာတ်ကားထဲမှာ ဒါရိုက်တာ၊ Special Effect၊ သရုပ်ဆောင်၊ မင်းသား၊ မင်းသမီးဆိုရင်လည်း အကုန်လူငယ်တွေချည်းပဲ။ နာမည်လည်း မရှိကြပါဘူး။ အသစ်တွေချည်းပဲ ပေါင်းပြီးတော့ လုပ်ထားတာဖြစ်တယ်။ ကျွန်တော်တင်​မကဘဲ ကျွန်တော်တို့လူငယ်တွေ အများကြီး ပေါင်းပြီး ကြိုးစားထားပါတယ်။ ကျွန်တော်တို့ လူငယ်တွေအတွက်လည်း စိန်ခေါ်မှုတွေ တအားများတဲ့ ရုပ်ရှင်​ဇာတ်ကားကောင်း တစ်ကားပါ”လို့ ခါရာက ပြောပြခဲ့ပါ သေးတယ်။

ကိုယ့်ရဲ့ ဇာတ်ကားကို ယုံကြည်မှုရှိသော်လည်း တခြားဇာတ်ကားတွေနဲ့ ယှဉ်လာရင်​စိုးရိမ်မိတယ်​ဆိုတာကို ခါရာက ”ကိုယ်ပါဝင်​သရုပ်ဆောင်ထားတဲ့ ကိုယ့်ရဲ့ဇာတ်ကားကိုတော့ ယုံကြည်မှု ရှိတယ်။ ဒါပေမဲ့ မင်းသားဝိတ်တွေ ဘာတွေကြည့်လာပြီဆိုရင် နည်းနည်းစိုးရိမ်တာ တော့ရှိတယ်။ ဒီဇာတ်​ကားထဲမှာက အကုန်​လုံးနီးပါးက လူသစ်​တွေကြီးပဲ။ ကိုယ်ကလည်း ဒီကားမှာ အများကြီး ကြိုးစားထားတယ်။ ဇာတ်လမ်းကလည်း တကယ်တော့ Trailer ထက် ဆယ်ဆလောက် ကောင်းပါတယ်။ ငွေရေး၊ ကြေးရေး၊ လူအင်အား၊ အချိန်တွေရော အများကြီးပေးဆပ်ထားတဲ့ ဇာတ်ကား ကောင်းဆိုတော့ ပရိသတ်တွေကိုလာပြီးတော့ ကြည့်စေချင်တယ်”လို့လည်း ခါရာက ပြောပြခဲ့ ပါသေးတယ်။ ဆက်လက်ပြီး ခါရာက ”ကျွန်တော် မနေ့ကဖြစ်သည် ၂ ဇာတ်လမ်းတွဲ လွှင့်ပြီးသွားတဲ့ အချိန်မှာ ပရိသတ်တွေက ကျွန်တော့်ကို ဆရာရဲနောင်လို့ပဲ မြင်ကြတယ်။ ဆရာ ရဲနောင် ဆိုပြီးတော့ စိတ်ထဲမှာ စွဲသွားတယ်။ ဘယ်နေရာသွားသွား ဆရာရဲနောင်ဆိုပြီး ခေါ်ကြတယ်။ ကျွန်တော်ဆရာရဲနောင်​ဇာတ်ကောင်ကို ကြိုးစားခဲ့တာ ပရိသတ်ရင်ထဲရောက်တယ်ဆိုတော့ အဲဒီဇာတ်ကောင်အနေနဲ့ ကျွန်တော် အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အခုနောက်ထပ်လည်း ဆိုင်းလုံဆိုတဲ့ ဇာတ်ကောင်ကို ပရိသတ်တွေရင်ထဲ စွဲစေချင်ပါသေးတယ်”လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း၊ ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071